တရုတ်မှာ ကြက်ငှက်တုပ်ကွေး ၂ ဦး ထပ်ဖြစ်

Image caption ကြက် ဘဲ ငှက်တွေနဲ့ တိုက်ရိုက် ကိုင်တွယ် ထိတွေ့ရာ ကနေ ရောဂါပိုး ကူးစက်

တရုတ် နိုင်ငံ ဟိုင်နန် ပြည်နယ်မှာ ကြက်ငှက် တုပ်ကွေး ဗိုင်းရပ်စ် မျိုးစိတ်သစ် ဖြစ်တဲ့ H7 N9 ကူးစက် ခံရသူ နောက်ထပ် ၂ ဦးကို ထပ်မံ တွေ့ရှိခဲ့ ရတယ်လို့ နိုင်ငံပိုင် သတင်း မီဒီယာ ကနေ ပြောကြား ပါတယ်။

ဒါဟာ နယ်မြေသစ် တခုမှာ ရောဂါ ထပ်ကူးစက် ခံရတာ ဖြစ်ပြီး၊ အခု ဆိုရင် တရုတ် နိုင်ငံမှာ H7 N9 ရောဂါပိုး ကူးစက် ခံရသူ ၅၁ ယောက် ရှိသွားပြီ ဖြစ်ပါ တယ်။

ဒီ ဗိုင်းရပ်စ် ပိုးသစ်ဟာ တရုတ် နိုင်ငံ အရှေ့ပိုင်းမှာ ပြီးခဲ့တဲ့ လက လူတွေကို စတင် ကူးစက် ခဲ့တာ ဖြစ်ပါတယ်။ ကူးစက် ခံရသူတွေ ထဲက လူပေါင်း ၁၁ ဦး ကတော့ သေဆုံး သွားပြီ ဖြစ်ပါတယ်။

ကြက် ဘဲ ငှက်တွေနဲ့ တိုက်ရိုက် ကိုင်တွယ် ထိတွေ့ရာ ကနေ ရောဂါပိုး ကူးစက် တာလို့ ကျန်းမာရေး အရာရှိ တွေက ယုံကြည် နေကြ ပါတယ်။ ဒါပေမယ့်လို့ လူ အချင်းချင်း ကြား ကူးစက်မှု မရှိဘူးလို့ ဆိုပါတယ်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO ရဲ့ တရုတ် နိုင်ငံ ကိုယ်စားလှယ်က ပြောတာ ကတော့ တရုတ် နိုင်ငံရဲ့ တခြား ဒေသတွေ မှာပါ ရောဂါ ထပ်ဖြစ်တဲ့ အခြေ အနေမျိုး ရှိနိုင် တယ်လို့ ခန့်မှန်း ထားပါတယ်။