ဂျပန်အတွက် အမေရိကန် အခိုင်အမာ ရပ်တည်

Image caption မစ္စတာ ကယ်ရီက ပြုံယမ်းနဲ့ စေ့စပ် ဆွေးနွေး မှုတွေ ပြန်လုပ်မယ်လို့ တောင်းဆို လိုက်ပါတယ်

ဂျပန် နိုင်ငံ မြို့တော် တိုကျိုမှာ အစည်း အဝေး ပြုလုပ် နေတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက မြောက်ကိုရီးယား တို့ရဲ့ ခြိမ်းခြောက်မှု ကို ရင်ဆိုင် နေရတဲ့ ဂျပန် အတွက် အမေရိကန် ဟာ အခိုင် အမာ ရပ်တည် ပေးနေ တယ်လို့ ပြောကြား လိုက်ပါတယ်။

မြောက်ကိုရီးယား တို့ဟာ ခေါင်းဆောင်းဟောင်း ကင်အီဆွန်း အတွက် လာမယ့် တနင်္လာနေ့မှာ မွေးနေ့ အခမ်း အနား ပြုလုပ် တာနဲ့ တချိန်တည်း မှာပဲ မစ်ဇိုင်းဒုံး တခု ကိုလည်း စမ်းသပ် ပစ်လွှတ်ဖွယ် ရှိတယ် ဆိုတဲ့ ထင်ကြေးပေး ပြောဆို မှုတွေလည်း တိုးများ လာနေပါတယ်။

ဂျပန် နိုင်ငံဟာ တိုကျို တဝိုက်မှာ ပထရီရော့ ဒုံးကျည် တွေကို အဆင့်သင့် ချထား လိုက်ပြီး၊ ဂျပန် လေပိုင်နက် ထဲကို ဝင်ရောက် လာမယ့် မြောက်ကိုရီးယားရဲ့ ဘယ်လို ဒုံးမျိုးကို မဆို ပစ်ချ သွားမှာ ဖြစ်တယ်လို့ ပြောကြား ပါတယ်။

မစ္စတာ ကယ်ရီက ပြုံယမ်းနဲ့ စေ့စပ် ဆွေးနွေး မှုတွေ ပြန်လုပ်မယ်လို့ တောင်းဆို လိုက်ပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယား ပါလီမန် ခေါင်းဆောင် ကင်ယန်းနမ် ကတော့ နိုင်ငံမှာ နျူကလီးယား စွမ်းအား မြှင့်တင်ဖို့ လိုအပ် တယ်လို့ ပြောကြားခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ