ဗင်နီဇွဲလား သမ္မတသစ် ရွေးကောက်

venezuela
Image caption ယာယီ သမ္မတ မဒူးရိုး ချာဗက်ဇ် လမ်းစဉ် လိုက်မယ်

ကွယ်လွန်သူ ဗင်နီဇွဲလား သမ္မတ ဟူးဂိုး ချာဗက်ဇ် နေရာကို ဆက်ခံဖို့ သမ္မတသစ် ရွေးကောက်ပွဲမှာ ပြည်သူ သန်းချီ မဲပေးခဲ့ကြ ပြီးနောက် ရွေးကောက်ပွဲ မဲရုံတွေ ပိတ်လိုက်ပြီ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ အဆင်ပြေ ချောမွေ့မှု ရှိပြီး မဲရုံပိတ်ချိန် အထိ တန်းစီ စောင့်ဆိုင်း နေကြတဲ့ ပြည်သူတွေကို မဲပေးခွင့် ပြုမှာ ဖြစ်ကြောင်း ရွေးကောက်ပွဲ အာဏာပိုင်တွေက ပြောဆိုပါတယ်။

သမ္မတ ချာဗက်ဇ်ရဲ့ လမ်းစဉ် အတိုင်း ဆက်သွားဖို့ ကတိပြု ထားတဲ့ ယာယီ သမ္မတ နိကလပ်စ် မဒူးရိုးနဲ့ အတိုက်အခံ ခေါင်းဆောင် အန်ရစ်ကေး ကက်ပရီးလ် တို့ ဝင်ရောက် ယှဉ်ပြိုင်ကြတဲ့ သမ္မတ ရွေးကောက်ပွဲ ဖြစ်ပါတယ်။

တဘက် အုပ်စုက သူတို့ အင်အားကို ဦးအောင် ပြင်ဆင် ထားတဲ့ အတွက် အချိန် မဆိုင်းဘဲ စုစည်းပြီး မဲပေးကြဖို့ အတိုက်အခံ ခေါင်းဆောင် ကက်ပရီးလ်က တောင်းဆို ခဲ့ပါတယ်။

ယာယီ သမ္မတ မဒူးရိုးရဲ့ တွစ်တာ အင်တာနက် စာမျက်နှာကို ဝက်ဆိုက် ဖောက်ထွင်းတဲ့ အုပ်စုတစုက မဲရုံ မပိတ်ခင်မှာဘဲ အပိုင်စီးထားလိုက်ပြီလို့လဲ ကြေညာ ခဲ့ပါတယ်။

မဒူးရိုးရဲ့ မဲဆွယ်ရေး ဝက်ဆိုက် ၂ ခုလဲ ပစ်မှတ်ထား တိုက်ခိုက် ခံရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ