တက္ကဆက်မှာ စက်ရုံပေါက်ကွဲလို့ ၁၅ ဦးလောက် သေဆုံး

ဓါတ်မြေသြဇာ စက်ရုံအပျက်အစီး
Image caption ဓါတ်မြေသြဇာ စက်ရုံအပျက်အစီး

အမေရိကန် ပြည်ထောင်စု တက္ကဆက်ပြည်နယ် Waco မြို့မှာရှိတဲ့ ဓါတ်မြေသြဇာ စက်ရုံမှာ ပြင်းထန်တဲ့ပေါက်ကွဲ မီးလောင်မှုကြောင့် လူ ၁၅ ဦးလောက်အထိ သေဆုံးပြီး တရာ့ ခြောက်ဆယ်ကျော် ဒဏ်ရာရ သွားပါတယ်။

မှိုပွင့်သဏ္ဍန် မီးခိုးလုံးကြီးနဲ့ ပေါက်ကွဲခဲ့တာကြောင့် ဒီပေါက်ကွဲမှုဟာ နျူကလီးယား ပေါက်ကွဲမှုလို ပြင်းထန်ကြောင်း Waco မြို့တော်ဝန်က ပြောပါတယ်။

ပေါက်ကွဲသံကို မိုင် ၄၀ ကျော်အကွာကတောင် ကြားရပြီး အမေရိကန် ဘူမိဗေဒလေ့လာရေးဌာနရဲ့ ထုတ်ပြန်ချက်အရ တုန်ခါမှုဟာ ၂ ဒသမ ၁ ပြင်းအားရှိတဲ့ မြေငလျင်ငယ်တခုနဲ့ ညီမျှတယ်လို့ ဆိုပါတယ်။

ဒီပေါက်ကွဲမှုကို ရာဇဝတ်မှုအနေနဲ့ စုံစမ်းစစ်ဆေးနေပေမယ့် ရာဇဝတ်မှုလို တမင်သက်သက် မီးရှို့တဲ့ လက္ခဏာမျိုးမတွေ့ရဘူးလို့ ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

ဓါတ်မြေသြဇာ စက်ရုံနဲ့ အနီးဆုံး အိမ်တွေမှာ တအိမ်တက် တအိမ်ဆင်း လိုက်လံရှာဖွေမှုတွေ မပြီးမချင်း ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်သွားမယ်လို့ သူကပြောပါတယ်။

မီးကြောင့် တိုက်တန်းလျားကြီးတခု အကြီးအကျယ် ပျက်စီးပြီး အနီးအနားမှာရှိတဲ့ အိမ် ၇၅ လုံး သက်ကြီးရွယ်အို စောင့်ရှောက် ရေး အဆောက်အဦတခု ပျက်စီးသွားတယ်လို့ အရေးပေါ်ကယ်ဆယ်ရေး အရာရှိတဦးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ