ရထားလမ်းချော်အောင် လုပ်ဖို့ ကြံသူကို ကနေဒါမှာ ဖမ်းမိပြီ

Image caption ရထားလမ်းချော်အောင် ကြံစည်မှု ဖော်ထုတ်နိုင်ခဲ့

ကနေဒါ နိုင်ငံမှာ ခရီးသည်တင် ရထားကို လမ်းချော်သွားအောင် အယ်ကိုင်းဒါး ကျောထောက်နောက်ခံ ပေးခဲ့တဲ့ အကြမ်းဖက် ကြံစည်မှုကြီး တခုကို သူတို့ ဖော်ထုတ် နှိမ်နင်း နိုင်ခဲ့တယ်လို့ ရဲက ပြောပါတယ်။

ကနေဒါ နိုင်ငံသားတွေ မဟုတ်သူ နှစ်ယောက်ကို ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုနဲ့ ဆိုင်တဲ့ ပြစ်မှုတွေနဲ့ တရားစွဲဆို ထားတယ်လို့ ရဲက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ အစောပိုင်းတုန်းက ရဲက စောင့်ကြည့် လေ့လာတဲ့ စစ်ဆင်ရေး တခု ဆင်နွှဲခဲ့ ပြီးတဲ့နောက် သူတို့ကို ဖမ်းဆီး နိုင်ခဲ့တာ ဖြစ်တယ်လို့ ယူဆရပါတယ်။

ကနေဒါရဲ့ အကြီးဆုံး မြို့ဖြစ်တဲ့ တိုရွန်တိုမြို့နားမှာ ရထားတွဲ လမ်းချော်သွားအောင် လုပ်ဖို့ သူတို့ ရည်ရွယ်ခဲ့ကြတာ ဖြစ်တယ်လို့ ရဲက ပြောပါတယ်။

အပြစ်မဲ့တဲ့ လူတွေ သေဆုံး ဒဏ်ရာရမှု မဖြစ်ခဲ့ပေမယ့်လည်း ဒီလို့ ဖြစ်အောင် ကြံစည်ခဲ့တဲ့ ခြိမ်းခြောက်မှုက ဖြစ်အံ့ဆဲဆဲ ဘဲလို့ ရဲက ဆိုပါတယ်။

သူတို့ဟာ အီရန်က အယ်ကိုင်းဒါး အဖွဲ့တွေကနေအထောက်အပံ့တွေ ယူခဲ့တာ တွေ့ရပြီး စုံစမ်းစစ်ဆေးမှုတွေ အရ အထောက်အပံ့ဆိုတာက လမ်းညွန်မှုတွေပါလို့ လက်ထောက် ရဲမင်းကြီး ဂျိမ်းစ် မလီဇီယာက ဆိုပါတယ်။

ဒါပေမယ့် အခု သံသယ ဖြစ်ဖွယ် ကြံစည်မှုမှာတော့ အီရန် အစိုးရက အထောက်အပံ့ ပါတာ မတွေ့ရဘူးလို့ ရဲက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ