ရုရှားမှာ အစ္စလာမ် အစွန်းရောက်တွေနဲ့ ဆက်စပ်လို့ လူ ၁၄ဝ လောက် ဖမ်းထား

Image caption ရုရှားက ဖမ်းဆီးမှု တခု

ရုရှား နိုင်ငံမှာ အစ္စလာမ် ဝါဒီ အစွန်းရောက် အဖွဲ့တွေနဲ့ ဆက်စပ်တယ်လို့ သံသယ ရှိတဲ့ လူ ၁၄ဝ လောက်ကို ဖမ်းထားတယ်လို့ မော်စကိုမြို့က ရဲက ပြောပါတယ်။

ဗလီ တခုကို ဝင်ရောက်စီးနင်းခဲ့ပြီး ဖမ်းဆီးတာ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပြီး အဖမ်းခံရသူတွေထဲက ၃ဝ ကျော်ဟာ နိုင်ငံခြားသားတွေလို့ ဆိုပါတယ်။

ဘယ်လို စွပ်စွဲချက်နဲ့ ဖမ်းသလဲ ဆိုတာ အတိအကျ မသိရသေး ပေမယ့် အဲဒီ ဗလီမှာ လာရောက် ဝပ်ပြုသူတွေဟာ နောက်ပိုင်းမှာ ရုရှား မြောက်ပိုင်း ကော့ကေးဆပ် ဒေသက တိုက်ခိုက်ရေးသမား အစ္စလာမ် ဝါဒီ အစွန်းရောက် အဖွဲ့တွေနဲ့ သွားရောက် ပူးပေါင်း ခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေက ဆိုပါတယ်။