အကောင်းဆုံးဘောလုံးသမားဆု ဂါရတ် ဘေးလ် ရ

တော်တင်ဟန် ဟော့စပါးရဲ့ ကစား သမား ဂါရတ် ဘေးလ်ကို Professional Footballers' Association PFA ကြေးစား ဘောလုံး သမား များ အဖွဲ့ က ပေးတဲ့ ၂၀၁၂-၂၀၁၃ ဘောလုံး ရာသီ အတွက် အကောင်းဆုံး ဘောလုံး သမားနဲ့ အသက် ၂၃ နှစ်နဲ့ အောက် အကောင်းဆုံး ဘောလုံး သမားဆု နှစ်ခု စလုံးကို ရရှိသွား ပါတယ်။

ဘောလုံးရာသီ တခု အတွင်း ဒီလို အကောင်းဆုံး ဘောလုံး သမားနဲ့ သက်ငယ်တန်း အကောင်းဆုံး ဘောလုံး သမားဆု ၂ ခု စလုံးကို တပြိုင်နက် ရွေးချယ် ခံသူ အရင်က နှစ်ဦး သာ ရှိခဲ့ဘူး ပါတယ်။

၂၀၁၂-၂၀၁၃ ဘောလုံး ရာသီ အတွက် အကောင်းဆုံး ဘောလုံး သမားဆု အတွက် ဆန်ကာတင် ၆ ဦးထဲက ဂါရတ်ဘေးလ် ကို ရွေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ကျန် ၅ ဦးကတော့ မန်ယူက ဗန်ပါဆီ နဲ့ မိုင်ကယ် ကဲရစ်၊ ချဲဆီးလ်က အီဒင် ဟက်ဇတ်နဲ့ မာတာ၊ လစ်ဗာပူးလ်က ဆွာရက်ဇ်တို့ ဖြစ်ကြပါတယ်။

ပြီးခဲ့တဲ့ နှစ် ၂၀၁၁-၂၀၁၂ ဘောလုံးရာသီ အတွက် အကောင်းဆုံး ဘောလုံး သမားဆုကို အဲဒီ အချိန်က အာဆင်နယ်မှာ ကစားခဲ့တဲ့ ဗန်ပါဆီက ရရှိခဲ့ပါတယ်။