ဂရိ အစိုးရ ဝန်ထမ်း သောင်းချီပြုတ်နိုင်

greek__parliament
Image caption ပါလီမန် အပြင်ဘက်မှာ စုဝေး ဆန္ဒပြ

ဂရိ အစိုးရ အလုပ်အကိုင် တသောင်းခွဲ ကို လျှော့ချ လိုက်တဲ့ ဥပဒေ တရပ်ကို ဂရိ ပါလီမန်က အတည်ပြု လိုက်ပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ အကူအညီ နောက်ထပ် ဒေါ်လာ သန်းပေါင်း တသောင်း နှစ်ထောင် ထပ်မံ ရရှိဖို့ အတွက် ဒီဥပဒေကို ပြဋ္ဌာန်း ရတာ ဖြစ်ပါတယ်။

နောင်ကို ရာသက်ပန် အလုပ်ရဖို့ အာမခံချက်တွေ ရှိမှာ မဟုတ်တော့ဘဲ ဒီလို မလိုအပ်ဘဲ ခန့်အပ်ခဲ့မှု တွေကြောင့် အစိုးရ ယန္တရား ဖောင်းပွ နေတယ်လို့ ဝေဖန် ခံခဲ့ရပါတယ်။

ဒီဥပဒေကြောင့် တိုင်းပြည်မှာ အစထဲက အလုပ်လက်မဲ့ စံချိန်တင်အောင် ပေါများ နေတာတွေ ပိုဆိုးလာမှာကို စိုးရိမ်သူတွေက ပါလီမန် အပြင်ဘက်မှာ စုဝေး ဆန္ဒပြ ခဲ့ကြပါတယ်။

ဒီဥပဒေက အစိုးရ ဝန်ထမ်း စနစ်ကို ပြုပြင်ပေးမှာ ဖြစ်ကြောင်း အစိုးရက ပြောကြား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ