ဆီးရီးယား ဓါတုလက်နက် ကိစ္စ ပူတင်ကို အိုဘားမားပြောကြား

Image caption ရုရှားသမ္မတ ပူတင် နဲ့ အမေရိကန် သမ္မတ အိုဘားမား

အမေရိကန် သမ္မတ အိုဘားမားဟာ ရုရှား သမ္မတ ပူတင်နဲ့ တယ်လီဖုန်း ဆက်သွယ် ပြောကြားရာမှာ ဆီးရီးယားမှာ ဓါတုလက်နက်သုံးကောင်း သုံးနိုင်တယ် ကိစ္စအပေါ် သူ့ရဲ့ စိုးရိမ်ပူပန်မှုကို ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

ခေါင်းဆောင် နှစ်ယောက်ဟာ ဒီကိစ္စ အပေါ် အပြန်အလှန် သုံးသပ်ခဲ့ကြပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီနဲ့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လာဘ်ရော့ဘ် တို့က ဆက်လက် ဆွေးနွေးကြလိမ့်မယ်လို့ အိမ်ဖြူတော်က ထုတ်ပြန် ပြောကြားခဲ့ပါတယ်။

ဆီးရီးယား အစိုးရဟာ သူပုန် တပ်ဖွဲ့တွေနဲ့ အရပ်သားတွေကို တိုက်ခိုက်ရာမှာ sarin ဖြစ်ကောင်း ဖြစ်နိုင်တဲ့ ဓါတု အဆိပ်ငွေ့တွေကို အကြိမ်တော်တော် များများ သုံးခဲ့တဲ့ ခိုင်မာတဲ့ သတင်းတွေကို အတည်ပြုနိုင်ဖို့ သူတို့အနေနဲ့ ကြိုးစားနေတယ်လို့ အမေရိကန်က ပြောပါတယ်။

အခုလို ဓါတု လက်နက် သုံးတယ် ဆိုတာ မှန်ခဲ့ရင် သမ္မတ ဘတ်ရှား အယ်လ် အာဆက် အနေနဲ့ သတ်မှတ်ထားတဲ့ ဘောင်ကို ကျော်သွားပြီ ဖြစ်တယ်လို့ မစ္စတာ အိုဘားမားက ဆိုပါတယ်။