သေနတ်ကိုင်ဆောင်ခွင့် လှုပ်ရှားစည်းရုံး နေတဲ့ NRA က ညီလာခံ ကျင်းပ

Image caption NRA ရဲ့ လက်ထောက် အမှုဆောင် ဥက္ကဌ

အမေရိကန် ပြည်ထောင်စုမှာ သေနတ်ကိုင်ဆောင်ခွင့် လှုပ်ရှားစည်းရုံး နေတဲ့ National Rifle Association NRA က ညီလာခံ ကျင်းပနေပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းက ကော်နက်တီကတ် ပြည်နယ် နယူးတောင်းက ကျောင်းတကျောင်းမှာ လူတွေ အစုလိုက်အပြုံလိုက် သေနတ်နဲ့ ပစ်သတ်ခံရပြီးတဲ့နောက် ပထမဆုံး ကျင်းပတဲ့ ညီလာခံ ဖြစ်ပြီး အဲဒီမှာ သေနတ် ကိုင်ဆောင်ရေးနဲ့ ပတ်သက်လို့ ပြန်လည် အခြေအတင် ဆွေးနွေးကြဖွယ် ရှိပါတယ်။

ပြီးခဲ့တဲ့ လတုန်းက သေနတ် ကိုင်ဆောင်မှု တင်းကျပ် ထိန်းချုပ်ရေး အဆိုကို ကွန်ဂရက်မှာ ဆွေးနွေးရာမှာ အရေးနိမ့်သွားအောင် NRA အဖွဲ့က စည်းရုံး ကူညီပေးခဲ့တာ ဖြစ်ပေမယ့် နောက်ထပ် ဥပဒေကြမ်းတွေ တင်သွင်းလာနိုင်ဖွယ် ရှိပါတယ်။

NRA ဥက္ကဌသစ် ဂျိမ်းစ် ပေါ်တာ ကတော့ ဒီအခြေအတင် ပြောဆိုမှုဟာ သေနတ် ကိုင်ဆောင်မှုနဲ့ ပတ်သက်လို့ ငြင်းခုန်တာထက် လူတွေရဲ့ အမူအကျင့် ၊ ခေတ်စံနစ် ပြောင်းလဲ လှုပ်ရှားလာမှုနဲ့ ပိုပြီး သက်ဆိုင် နေပါတယ်လို့ သူ့အသင်းသားတွေကို ပြောပါတယ်။

တက္ကဆက်မှာ သုံးရက်ကြာ ကျင်းပတဲ့ ဒီအခမ်းအနားကို လူထောင်သောင်းချီ တက်ရောက်ခဲ့ပြီး နယူးတောင်း ပစ်ခတ်မှုမှာ သေဆုံးသွားကြ သူတွေရဲ့ ဆွေမျိုး မိသားစု ထဲက ကလေး ၂ဝ ကျော်နဲ့ လူကြီး ခြောက်ယောက်တို့လည်း ပါဝင်ကြပါတယ်။