အမေရိကန်မှာ နိုင်ငံတကာ ကျောင်းသားတွေ အပေါ် ဗီဇာ စီစစ်တင်းကျပ်

Image caption ပြည်ဝင်လာတဲ့ ကျောင်းသားကို ဗီဇာ စစ်ဆေး

အမေရိကန် ပြည်ထောင်စုမှာ ပြီးခဲ့တဲ့ လတုန်းက ဘော်စတွန် ဗုံးကွဲမှု ဖြစ်ပြီးကတည်းက ပထမဆုံး လုံခြုံရေး အစီအမံ အနေနဲ့ နိုင်ငံတကာက ကျောင်းသားတွေရဲ့ ပြည်ဝင်ခွင့် ဗီဇာ တွေကို တင်းတင်းကျပ်ကျပ် စီစစ်လာပါတယ်။

ဗီဇာ အမှန်အကန် မရှိတဲ့ ကာဇက်စတန်က ကျောင်းသား တယောက်က ဗုံးခွဲသမားလို့ သံသယ ဖြစ်ခံရသူရဲ့ အထောက်အထား တွေကို ဖုံးကွယ်ပေးခဲ့တယ်လို့ ရဲက စွပ်စွဲ ပြောကြားမှုတွေ ထွက်ပေါ်လာခဲ့ ပြီးတဲ့နောက် အခုလို စီစစ်မှုတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

ပြည်ထဲရေးနဲ့ လုံခြုံရေး ဌာနက ကျောင်းသား တိုင်းရဲ့ ဗီဇာတွေကို မလွဲမသွေ စစ်ကြပါလို့ အမိန့်ထုတ် ထားပါတယ်။

ပြီးခဲ့တဲ့ ဇန္နဝါရီလ တုန်းက အဲဒီ ကာဇက်စတန် ကျောင်းသား အမေရိကန်ကို ဝင်ရောက်လာတုန်းက ပြည်ထဲရေးနဲ့ လုံခြုံရေး ဌာနက လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြည်ထဲရေး ဌာနက မလုပ်ခဲ့ဘူးလို့ ဝေဖန် ပြောဆို ခံနေရပါတယ်။