အကြိတ်အနယ် ဆင်နွှဲ မလေးရှား ရွေးကောက်ပွဲ

Image caption အတိုက်အခံ ဝန်ကြီးချုပ်ဟောင်း အန်နဝါ အီဘရာဟင်

မလေးရှား နိုင်ငံ သမိုင်းမှာ အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် ရွေးကောက်ပွဲရဲ့ မဲပေးမှုတွေ စတင်နေပါပြီ ။

အာဏာရ Barisan Nasional Coalition အဖွဲ့ အနေနဲ့ ရာစုနှစ် တဝက်ကျော် အတွင်း အာဏာ လက်လွှတ်ရမယ့် အခြေအနေနဲ့ ပထမဆုံး ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

ညွန့်ပေါင်း အဖွဲ့ကို ထောက်ခံတဲ့ လက်ရှိ ဝန်ကြီးချုပ် Najib Razak ဟာ အတိုက်အခံ ခေါင်းဆောင် ဝန်ကြီးချုပ်ဟောင်း Anwar Ibrahim ရဲ့ ပြင်းထန်တဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင် နေရပါတယ်။

ကနဦး စစ်တမ်း ကောက်ယူမှုတွေ အရ နှစ်ဖက် အဖွဲ့တွေဟာ သူမသာ ကိုယ်မသာ အနေအထားမှာ ရှိနေတယ်လို့ ဆိုပါတယ်။

မစ္စတာ အီဘရာဟင် ဟာ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက်တုန်းက ရာထူးက ဖယ်ရှားခံခဲ့ရတာ ဖြစ်ပြီး ထောင်ခြောက်နှစ်ကျခံ ခဲ့ရတာ ဖြစ်ပေမယ့် အဲဒီ အချိန်ကတည်းက သူဟာ နိုင်ငံရေး လောကထဲ ပြန်လည် ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။