ဆီးရီးယားကို အစ္စရေးက လေကြောင်းက တိုက်ခိုက်

Image caption လူပေါင်း အတော် များများ သေကျေ ဒဏ်ရာ ရရှိသွား တယ်လို့ ဆီးရီးယား နိုင်ငံခြားရေး ဝန်ကြီး ဌာနက ပြော

ဒမာ့စကက်စ် မြို့စွန် ဘက်ကို အစ္စရေးတို့ ကနေ လေကြောင်းက ညလုံးပေါက် ပစ်ခတ် တိုက်ခိုက် ခဲ့တာဟာ ဆီးရီးယားက အကြမ်းဖက် အုပ်စု တွေကို စစ်ရေး အရ အထောက် အကူပေး လိုက်တာ ဖြစ်တယ်လို့ ဆီးရီးယား အစိုးရ ကနေ အစ္စရေးကို စွပ်စွဲ လိုက်ပါတယ်။

အစ္စရေး တို့ရဲ့ ရန်စ တိုက်ခိုက် မှုကြောင့် လူပေါင်း အတော် များများ သေကျေ ဒဏ်ရာ ရခဲ့ပြီး၊ ပျက်ဆီးမှု တွေလည်း အများ အပြား ဖြစ်ပွား ခဲ့တယ်လို့ ဆီးရီးယား နိုင်ငံခြားရေး ဝန်ကြီး ဌာနက ပြောပါတယ်။

အင်တာနက်မှာ တင်ထားတဲ့ ဗီဒီယို ကလစ် တခု မှာတော့ ဒမာ့စကက်စ် မြို့ အထက်ပိုင်း ကုန်းတခု ပေါ်မှာ ကြီးမားတဲ့ ပေါက်ကွဲမှု တခု ဖြစ်ခဲ့ တာကို တွေ့ရ ပါတယ်။ ဒေသခံ တွေက ဆိုရင် မြေငလျင် အသေးစား တခု လှုပ်ခါ ခဲ့တယ်လို့ အထင် ရှိခဲ့ကြောင်း ပြောပါတယ်။

ဆီးရီးယား နိုင်ငံပိုင် သတင်း ဌာန ကတော့ အစ္စရေး တို့ဟာ ဆီးရီးယား စစ်ဖက် ဆိုင်ရာ သုတေသန ဌာနကို ပစ်မှတ်ထား တိုက်ခိုက် ခဲ့တာလို့ ပြောပါတယ်။

ဒီသတင်းကို အတည်ပြု နိုင်ပြီ ဆိုရင်တော့ ဒါဟာ သုံးရက် အတွင်း အစ္စရေးတို့ရဲ့ ဒုတိယမြောက် လေကြောင်းက တိုက်ခိုက်မှု ဖြစ်ပါ လိမ့်မယ်။

အခု ကိစ္စနဲ့ ပတ်သက်ပြီး အစ္စရေး အစိုးရ ကတော့ ဘာမှ ထုတ်ဖေါ် ပြောကြားခြင်း မရှိသေး ပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ