မလေးရှား ရွေးကောက်ပွဲ မဲပေးသူ စံချိန်တင်

Image caption အာဏာရ ညွန့်ပေါင်း အစိုးရ အတွက် အကြီးမားဆုံး စိန်ခေါ်မှု ရှိခဲ့တဲ့ ရွေးကောက်ပွဲ အဖြစ်လည်း ယူဆလို့ ရနိုင်ပါတယ်

မလေးရှား နိုင်ငံ ရွေးကောက်ပွဲ သမိုင်းမှာ အကြိတ် အနယ် အရှိလှဆုံး လို့ ပြောနိုင်မယ့် အထွေထွေ ရွေးကောက်ပွဲ တွေ ပြီးစီး သွားပြီ ဖြစ်လို့ မဲတွေကို ရေတွက် နေပြီ ဖြစ်ပါတယ်။

အခု ရွေးကောက်ပွဲဟာ ရာစုနှစ် တဝက် နီးပါး အတွင်း လက်ရှိ အာဏာရ ညွန့်ပေါင်း အစိုးရ အတွက် အကြီး မားဆုံး စိန်ခေါ်မှု ရှိခဲ့တဲ့ ရွေးကောက်ပွဲ အဖြစ် လည်း ယူဆလို့ ရနိုင် ပါတယ်။

မဲပေးသူ အရေ အတွက် အတော်များတဲ့ အတွက် ဒါဟာ သူတို့ အတွက် ပိုပြီးတော့ အပြောင်း အလဲ ဖြစ်လာ နိုင်တယ်လို့ ပထမဆုံး အကြိမ် ခံစားမိကြောင်း အတိုက် အခံတွေက ပြောပါတယ်။

အရင် ဒုဝန်ကြီးချုပ်ဟောင်း အန်နဝါ အီဘရာဟမ် ဦးဆောင်တဲ့ လူမျိုးစု အဖွဲ့ များစွာ ပါဝင်တဲ့ အတိုက် အခံ မဟာမိတ် အဖွဲ့ ကတော့ အဂတိ လိုက်စားမှု၊ အာဏာရှင် ဆန်မှုနဲ့ အဆင့် အတန်း ခွဲခြားမှု အခြေခံတဲ့ မူဝါဒတွေကို ဆန့်ကျင် တိုက်ဖျက် သွားမယ် ဆိုပြီး မဲဆွယ် စည်းရုံး ခဲ့ကြတာ ဖြစ်ပါတယ်။

လက်ရှိ ဝန်ကြီးချုပ် နာဂျစ် ရာဇက် ကတော့ သူတို့ရဲ့ မဟာမိတ် အဖွဲ့ကသာ အာဏာ ဆက်ထိန်းထား နိုင်မယ် လို့ ယုံကြည်မှု ရှိနေ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ