မြောက်ကိုရီးယား ရန်စမှု အတူရင်ဆိုင်မယ်လို့ US နဲ့ တောင်ကိုရီးယား ဆိုပြီ

Image caption ဝါရှင်တန်ရောက် တောင်ကိုရီးယား သမ္မတ

မြောက်ကိုရီးယားရဲ့ ရန်စမှုတွေကို အတူတကွ ရင်ဆိုင်ဖြေရှင်း သွားကြမယ်လို့ အမေရိကန် ပြည်ထောင်စုနဲ့ တောင်ကိုရီးယား တို့က သူတို့ဖာသာ အပြန်အလှန် ကတိပြု ခဲ့ကြပါတယ်။

တောင်ကိုရီးယား သမ္မတ Park Geun-Hye ပါ့ခ် ဂွမ်ဟေး ဝါရှင်တန်ကို ရောက်ရှိခိုက် အတူပူးတွဲ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သမ္မတ အိုဘားမားက မြောက်ကိုရီးယား အစိုးရရဲ့ ခြိမ်းခြောက် ရန်စပြီး အမေရိကန်နဲ့ မဟာမိတ် တောင်ကိုရီးယား တို့ကို စိတ်ဝမ်းကွဲအောင် လုပ်ဆောင်မှုတွေ ပျက်ပြား သွားခဲ့ရပြီ ဆိုတာကို ဒီနေ့ အစည်းအဝေးက သက်သေ ပြနေပါတယ်လို့ သမ္မတ အိုဘားမားက ဆိုသွားတာပါ။

တဖက်က လိုက်လျော အလျော့ပေးမှုတွေ လုပ်လာအောင်နဲ့ ပဋိပက္ခတွေ ဖြစ်လာအောင် မြောက်ကိုရီးယား ဖက်က ဖန်တီးလုပ်ဆောင်မှုတွေ ရပ်သွားတဲ့ အခုလို အချိန်မှာ သမ္မတ အိုဘားမားက ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။

တောင်ကိုရီးယား သမ္မတ မစ္စက် ပါ့ခ် ကလည်း သူမ အဆိုအရ မြောက်ကိုရီးယားရဲ့ ကျူးကျော်ရန်စမှုတွေကို သည်းခံမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။