မလေးရှား အတိုက်အခံ ဆန္ဒပြ

Malaysia
Image caption ရွေးကောက်ပွဲ ရလဒ် အငြင်းပွားမှုမှ စတင်

မလေးရှား ရွေးကောက်ပွဲဟာ မဲမသမာ မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မလေးရှား အတိုက်အခံ ကို ထောက်ခံသူ အများအပြား စုဝေး ဆန္ဒပြနေ ကြပါတယ်။ ရဲအဖွဲ့က ဆန္ဒပြမှု ဟာ တရားဥပဒေနဲ့ မညီဘူးလို့ ဆိုတဲ့ ကြားက အာဏာဖီဆန်ပြီး ဆန္ဒပြ ကန့်ကွက် ကြပါတယ်။

အတိုက်အခံခေါင်းဆောင် အန်နဝါ အီဘရာဟင်မ် က အခုဆန္ဒပြပွဲကို ဆော်သြခဲ့တာ ဖြစ်ပါတယ်။ သူ့အဆို မဲခိုးမှုနဲ့ ဝန်ကြီးချုပ် နာဂျစ် ရာဇတ် အနိုင်ရပြီးတဲ့ နောက်မှာ အခုလို ဆန္ဒပြဖို့ ဆော်သြခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ နာဂျစ် ဦးဆောင်တဲ့ အမျိုးသားတပ်ဦး ညွန့်ပေါင်းက လွှတ်တော် နေရာ ၂၂၂ နေရာ အနက်မှာ ၁၃၃ နေရာမှာ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ အမျိုးသားတပ်ဦးညွန့်ပေါင်းရခဲ့တဲ့ ရလဒ်ထဲမှာတော့ အခုရလဒ်ဟာ နှစ်ပေါင်း ၅ဝ အတွင်းမှာ အဆိုးဆုံး ရလဒ် ဖြစ်ပါတယ်။

အမျိုးသား တပ်ဦး ညွန့်ပေါင်း အနေနဲ့ နေရာ အများစု အနိုင်ရ ခဲ့ပေမယ့် လွှတ်တော်တွင်း ၃ ပုံ ၂ ပုံအများစုနေရာကိုတော့ ပြည့်မီအောင် အနိုင်မရခဲ့ပါဘူး။ ဒီလို ၃ ပုံ ၂ပုံ မပြည့်မီတာ ဒါဟာ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။

အမျိုးသား တပ်ဦး ညွန့်ပေါင်း အစိုးရ ဘက်ကတော့ မဲမသမာမှု ရှိတယ်ဆိုတဲ့ စွပ်စွဲချက်ကို ငြင်းဆန်ပါတယ်။

ဆန္ဒပြသူ အရေအတွက်ဟာ ၄ သောင်း ကျော်ရှိပြီး အများစုဟာ ဝမ်းနည်းခြင်း အထိမ်းအမှတ်နဲ့ ဝတ်စုံနက် ဝတ်ဆင် ထားကြပါတယ်။

ဆန္ဒပြသူတွေဟာ အားကစားရုံအတွင်းမှာ ဆန္ဒပြဖို့ စီစဉ်ထားတာ ဖြစ်ပေမယ့် အားကစားရုံ ထဲကနေ အပြင်ဘက်မှာ လူအများအပြား လျှံထွက်နေပါတယ်။

ရွေးကောက်ပွဲ ကျင်းပနေစဉ် ကာလ ကတည်းက မဲပေးသူတွေ မဲ နှစ်ခါ မပေးနိုင် အောင် အမှတ်အသား ပြုတဲ့ မင်တွေကို ချက်ချင်း ဖျက်လို့ ရတဲ့ အတွက် မဲမသမာမှု တွေ ရှိနိုင်တယ်လို့ မဲပေးသူတွေ ဘက်က စွပ်စွဲခဲ့ကြတာဖြစ်ပါတယ်။

လူထု အစည်းအဝေးကို အားကစားရုံ ထဲမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီလိုပြုလုပ်တာကို ရဲက ကန့်ကွက် ဟန့်တားခွင့် မရှိပါဘူး။ လူများပြီး အားကစား ကွင်းထဲက ပိုလျှံထွက် လာတာကိုလည်း ရဲက ဟန့်တားခွင့်မရှိပါဘူး။

ဒါပေမဲ့ အဲသလို လူတွေ လျှံထွက်လာအောင် ကျဉ်းတဲ့ အခန်းကို အတိုက်အခံ ခေါင်းဆောင် အန်နဝါအီဘရာဟင်မ်က ရွေးချယ်ခဲ့တယ်လို့ အစိုးရဘက်က စွပ်စွဲနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ