အိုဟိုင်းယိုး အမျိုးသမီး ၃ ဦး ပြန်ပေးဆွဲသူ ရုံးထုတ်

Image caption အေရီယယ်ကက်စထရိုကို ရုံးထုတ်စဉ်

အမေရိကန်ပြည်ထောင်စု အိုဟိုင်းယိုးပြည်နယ်မှာ အမျိုးသမီး ၃ ဦးကို အိမ်မှာ ၁၀ နှစ်နီးပါး ချုပ်လှောင်ထားခဲ့တဲ့ အေရီယယ် ကက်စထရိုဆိုသူကို ပြန်ပေးဆွဲမှု၊ မုဒိမ်းမှုတွေနဲ့ ဒီကနေ့ ရုံးထုတ်ခဲ့ပါတယ်။

အသက် ၅၂ နှစ် အရွယ် အရင်က ကျောင်းကားမောင်းတဲ့ မစ္စတာ ကက်စထရိုကို အမျိုးသမီး ၃ ဦးနဲ့ အဲဒီထဲက အမျိုးသမီးတဦးရဲ့ သမီးငယ် တဦးအပါအဝင် ပြန်ပေးဆွဲမှု ၄ မှု၊ အမျိုးသမီး ၃ ဦးကို သားမယားပြုကျင့်မှု ၃ မှု၊ စုစုပေါင်း စွဲချက် ( ၇ ) ခုနဲ့ စွဲချက်တင်ထားတာ ဖြစ်ပါတယ်။

အဲဒီ သမီးလေးကို ချုပ်လှောင်ထားစဉ်ကာလမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

၅ မိနစ်သာ ကြာတဲ့ တရားစီရင်မှုအတွင်း အပြာရောင် အလုပ်သမားဝတ်စုံ ဝတ်ထားတဲ့ မစ္စတာ ကက်စထရိုဟာ ကြမ်းပြင်ကိုသာ ငေးစိုက် ကြည့်နေခဲ့တယ်လို့ ဆိုပါတယ်။

Amanda Berry ၊ Gina DeJesus နဲ့ Michelle Knight တို့ သုံးဦးနဲ့ Amanda Berry ကမွေးဖွားတဲ့ ၆ နှစ် အရွယ် မိန်းကလေးငယ်လေးတို့ကို မစ္စတာ ကက်စထရိုရဲ့ အိမ်ကနေ တနင်္လာနေ့က ကယ်ဆယ်ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ