မန်နေဂျာ မန်ချီနီ ကို မန်စီးတီး အသင်း ထုတ်ပယ်

Image caption Manchester City အသင်းကို နှုတ်ဆက်တော့မည့် မန်ချီနီ

အင်္ဂလိပ် ပရီးမီးယား လိဂ် ရဲ့ အသင်း တခုဖြစ်တဲ့ မန်ချက်စတာ စီးတီး အသင်းက မန်နေဂျာ Roberto Manciniကို ထုတ်ပယ်လိုက်ပါတယ်။

အသင်းက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဒီနှစ်အတွင်း သတ်မှတ်ထားတဲ့ မျှော်မှန်းချက်တွေနဲ့ လွဲချော်ခဲ့တဲ့ အတွက် မန်နေဂျာ အသစ် ခန့်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကမ္ဘာပေါ်မှာ အချမ်းသာဆုံး ဘောလုံး အသင်းတွေထဲက တစ်ခု ဖြစ်တဲ့ မန်ချက်စတာ စီးတီးဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ အတွင်း ပရီးမီးယား လိဂ် ချန်ပီယံ ဖြစ်ခဲ့ပေမယ့် ဒီနှစ် ဘောလုံး ရာသီမှာတော့ ဒုတိယ နေရာမှာသာ ရှိခဲ့ပြီး ပြိုင်ဖက် မန်ချက်စတာ ယူနိုက်တက် ရဲ့ နောက်မှာ ကျန်ရစ်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့တုန်းက ကန်ခဲ့တဲ့ အက်ဖ်အေ ဖလား ဗိုလ်လုပွဲမှာ ဝီဂံ အသင်းကို ရှုံးနိမ့်ခဲ့ပြီး ဒါဟာ အခုနှစ်ပိုင်းတွေ အတွက် စိတ်ပျက်ဖွယ် အကောင်းဆုံး ပွဲရလဒ် တခုဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ