ပါကစ္စတန် ရွေးကောက်ပွဲအတွင်း အကြမ်းဖက်မှုရှိ

Image caption မဲပေးသူ လူတန်း ရှည်ကြီးတွေ ဖြစ်နေ တာကြောင့် ညပိုင်း အထိ တချို့ မဲရုံတွေ ဖွင့်ပေး ခဲ့ရ တယ်လို့ ပြောပါတယ်

ပါကစ္စတန် နိုင်ငံမှာ အကြမ်းဖက်မှု တွေကြောင့် မဲဆွယ်မှုတွေ ကို အဟန့် အတား ဖြစ်ခဲ့ရ ပေမယ့်လည်း စနေနေ့ မှာတော့ အထွေထွေ ရွေးကောက် ပွဲတွေ ကျင်းပ ခဲ့ရာ မဲဆန္ဒရှင် တွေလည်း မဲပေးခဲ့ကြ ပါတယ်။

မဲလာပေးသူတွေဟာ အားတက် သရော ရှိလှပြီး တချို့ မဲရုံတွေ မှာတော့ မဲပေးသူ လူတန်း ရှည်ကြီးတွေ ဖြစ်နေ တာကြောင့် ညပိုင်း အထိ မဲရုံတွေ ဖွင့်ပေး ခဲ့ရ တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။

ကရာချိမြို့ မှာတော့ အဝါမီ အမျိုးသား ပါတီ ရုံး အပြင် ဘက်မှာ ဗုံးပေါက်ကွဲမှု တခု ကြောင့် လူပေါင်း ၁၁ ဦး သေဆုံး သွားပြီး၊ တခြား ၄၀ ကျော် ဒဏ်ရာ ရရှိသွား ပါတယ်။ ဒါ့အပြင် တခြား အကြမ်းဖက် လုပ်ရပ် အတော် များများလည်း ရှိခဲ့ပါတယ်။

အီးယူက သွားရောက် လေ့လာ စောင့်ကြည့်သူ အရာရှိ Michael Gahler ကတော့ အစ္စလာမ် မာဘတ်က မဲပေးပွဲတွေ ကတော့ လွတ်လပ်ပြီး စည်းစနစ် ရှိတယ် လို့ ပြောပါတယ်။

အခုလိုမျိုး အရပ်သား အစိုးရ ကနေ နောက်တက် လာမယ့် အရပ်သား အစိုးရကို အာဏာ လွှဲပေး နိုင်မယ့် အခု ရွေးကောက်ပွဲဟာ ပါကစ္စတန် နိုင်ငံ ၆၆ နှစ်ကြာ သမိုင်း မှာ ဒါ ပထမဆုံး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ