လိင်တူချင်း လက်ထပ်ခွင့် ဥပေဒ ပြင်သစ်အတည်ပြု

Image caption ဆန့်ကျင် သူတွေ ကတော့ အကြီး အကျယ် ကန့်ကွက် ဆန္ဒပြခဲ့ ကြပါတယ်

ပြင်သစ် နိုင်ငံမှာ လိင်တူချင်း တရားဝင် လက်ထပ် ထိမ်းမြားခွင့် နဲ့ အဲဒီ လက်ထပ်ထား သူတွေ အနေနဲ့ ကလေး မွေးစားခွင့် ဆိုင်ရာ ဥပဒေ ကြမ်း တခုကို သမ္မတ ဖရန်ဆွာ အော်လန်း က အတည်ပြု လက်မှတ် ရေးထိုး ပေးလိုက်ပြီးနောက် ပြင်သစ်မှာ ရှိတဲ့ လိင်တူ ချစ်သူများ အခွင့် အရေး အတွက် လှုပ်ရှား ဆောင်ရွက် နေကြတဲ့ အဖွဲ့ တွေဟာ အောင်ပွဲ ခံခဲ့ကြ ပါတယ်။

ထောင်ပေါင်း များစွာသော လိင်သူ ချစ်သူ စုံတွဲတွေဟာ ဥပဒေ အရ အပြည့် အဝ အကာ အကွယ် ပေးထားတဲ့ အောက်မှာ လက်ထပ်ကြ ဖို့နဲ့ ကလေးတွေ မွေးစားကြ ဖို့ အတွက် စောင့်ဆိုင်း နေကြတာ ဖြစ်တယ်လို့ လှုပ်ရှား ဆောင်ရွက် သူတွေက ပြောပါတယ်။

အခု ပြဌာန်း ပေးလိုက်တဲ့ ဥပေဒဟာ အငြင်းပွား ဖွယ် ဖြစ်နေပြီး၊ ပြင်သစ်မှာ သဘောထား ကွဲမှုတွေ ဖြစ်စေခဲ့ ပါတယ်။ နိုင်ငံရေး အရ လပေါင်းများစွာ အခြေ အတင် ဆွေးနွေး မှုတွေ ဖြစ်ခဲ့ပြီး၊ နိုင်ငံ တလွှား ရှေးရိုးစွဲ အုပ်စုတွေ ကနေ အကြီး အကျယ် ဆန္ဒပြမှုတွေ အတော် များများ ပြုလုပ်ခဲ့ကြ ပါတယ်။

ရှေးရိုးစွဲတွေ ကတော့ သူတို့ရဲ့ ကန့်ကွက်မှုတွေ မအောင်မြင်ခဲ့ ပေမယ့်လို့ ဒီဥပဒေကို ဆက်လက် ဆန့်ကျင် သွားဖို့ သန္နိဌာန် ချထားတယ်လို့ ဆိုပါတယ်။

ကမ္ဘာပေါ်မှာ အခုလို လိင်တူ လက်ထပ် တာကို ခွင့်ပြုတဲ့ နိုင်ငံတွေ ထဲမှာ ပြင်သစ်ဟာ ၁၄ နိုင်ငံ မြောက် ဖြစ်လာ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ