ဘေရွတ်မြို့ကို ရော့ကက် နှစ်လုံး ထိမှန်

Image caption ဟက်ဇ်ဘိုလာ ခေါင်းဆောင် က သမ္မတ အာဆတ် အစိုးရ ဘက်ကနေ ဆက် တိုက်ပေးမယ် လို့ ပြောကြား

လက်ဘနွန် နိုင်ငံ မြို့တော် ဘေရွတ်က ဟက်ဇ်ဘိုလာ လှုပ်ရှားမှု အဖွဲ့ ထိန်းချုပ် ထားတဲ့ ရပ်ကွက် တခုကို အနည်းဆုံး ရော့ကက် ၂ လုံး ကျရောက် ပေါက်ကွဲ ခဲ့ပါ တယ်။

လူ ၄ ဦး ဒဏ်ရာ ရရှိ သွားပြီး အဲဒီ သူတွေဟာ ဆီးရီးယား အလုပ် သမားတွေ ဖြစ်တယ်လို့ သတင်း တွေက ဆိုပါတယ်။

ဟက်ဇ်ဘိုလာ ခေါင်းဆောင် ဟက်ဆန် နတ်စရဲလား က သူ့ရဲ့ လူတွေဟာ သမ္မတ အာဆတ် အစိုးရ ဘက်ကနေ ဆက်လက် တိုက်ခိုက် ပေးမယ်လို့ ပြောကြား ခဲ့ပြီး နောက်တနေ့ မှာပဲ အခုလို ရော့ကက်နဲ့ ပစ်ခတ် ခံခဲ့ရတာ ဖြစ်ပါတယ်။

ဆီးရီးယား အတိုက် အခံ ဖြစ်တဲ့ ဆီးရီးယား အမျိုးသား ကောင်စီ SNC ရဲ့ ပြောခွင့် ရသူ ကတော့ ဟက်ဇ်ဘိုလာ တို့ရဲ့ ပြောကြား ချက်ကို ရှုတ်ချ လိုက်ပါတယ်။

အခုဆိုရင် လက်ဘနွန် နိုင်ငံဟာ အိမ်နီးချင်း ဆီးရီးယား ပြည်တွင်းစစ် ထဲမှာ ပါဝင် ပတ်သက် နေပြီ ဖြစ်ပါတယ်။ လက်ဘနွန်က ဆူနီ မွတ်ဆလင် တွေဟာ ဆီးရီးယား သူပုန် တွေကို ထောက်ခံ အားပေး ကြပြီး၊ ရှီယာတွေ ကတော့ ဆီးရီးယား အစိုးရကို ထောက်ခံ နေကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ