အင်တာနက် သုံးစွဲမှု စောင့်ကြည့်သွားမယ်လို့ ကျူးဘား အစိုးရပြော

Image caption အများပြည်သူ သတ်မှတ် နေရာတွေမှာ အင်တာနက် သုံးခွင့်ရ

ကျူးဘားနိုင်ငံမှာ အိမ်မှာ အင်တာနက် သုံးခွင့်ကို ဆက်လက် ပိတ်ပင်ထားပေမယ့် အများတကာ သုံးနိုင်မယ့် နေရာတွေကိုတော့ တိုးချဲ့ စီစဉ် ပေးသွားမယ်လို့ အစိုးရက ပြောပါတယ်။

လာမယ့် သီတင်းပတ်က စတင်ပြီး အင်တာနက် သုံးနိုင်တဲ့ နေရာ ၁၁၈ နေရာကို ဖန်တီးပေးထားမှာ ဖြစ်ပြီး လာသုံးတဲ့ လူတွေဟာ တနာရီကို လေးဒေါ်လာခွဲ ပေးရမှာ ဖြစ်ပါတယ်။

ကျူးဘား နိုင်ငံမှာ လူတယောက်ရဲ့ လစဉ် ပျမ်းမျှ ဝင်ငွေဟာ ဒေါ်လာ ၂ဝသာ ရှိပြီး လူတွေဟာ လက်ရှိ အခြေအနေမှာ အလုပ် ၊ ကျောင်းနဲ့ အဆင့်မြင့် ဟော်တယ်ကြီး တွေမှာသာ အင်တာနက် သုံးနိုင်ကြတာ ဖြစ်ပါတယ်။

အင်တာနက် သုံးစွဲမှုတွေကို အစိုးရက နီးနီးကပ်ကပ် စောင့်ကြည့်သွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ကျူးဘာဟာ ကမ္ဘာပေါ်မှာ အင်တာနက် သုံးစွဲမှု အနည်းဆုံးတွေထဲက တနိုင်ငံ ဖြစ်ပါတယ်။