အီရတ်မှာ ပြည်တွင်းစစ် ဖြစ်တော့ မလား

Image caption အီရတ် နိုင်ငံဟာ ပြည်တွင်းစစ် ဖြစ်ဖို့ ဦးတည် နေပြီလား ဆိုတဲ့ စိုးရိမ်မှုတွေ တိုးပွား နေ

အီရတ် နိုင်ငံမှာ ပြီးခဲ့တဲ့ မေလ အတွင်း အကြမ်းဖက် တိုက်ခိုက် မှုတွေကြောင့် သေဆုံး ခဲ့ရသူ လူပေါင်း ၁ ထောင်ကျော် ရှိပြီး၊ လူပေါင်း ၂၄၀၀ လောက် ဒဏ်ရာ ရရှိခဲ့ တယ်လို့ ကုလသမဂ္ဂ ကနေ သတင်း ထုတ်ပြန် ထားပါတယ်။

၂၀၀၆ ၂၀၀၇ ခုနှစ်တွေ အတွင်း ကျယ်ကျယ် ပြန့်ပြန့် ဖြစ်ပွား ခဲ့တဲ့ ဂိုဏ်းဂဏ အုပ်စုကွဲ အကြမ်းဖက် မှုတွေ နောက်ပိုင်း၊ အခု မေလ အကြမ်းဖက် မှုတွေဟာ အဆိုးဝါး ဆုံး ဖြစ်ပါတယ်။

ဒီအတွက် အီရတ် နိုင်ငံဟာ ပြည်တွင်းစစ် ဖြစ်ဖို့ ဦးတည် နေပြီလား ဆိုတဲ့ စိုးရိမ်မှုတွေ တိုးပွား လာနေပါတယ်။

အီရတ် နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မာတင် ကော့ဘလာ က အခုလို သေဆုံးခဲ့ ရမှုဟာ ဝမ်နည်းဖွယ် မှတ်တမ်း တခု ဖြစ်တယ်လို့ ခေါ်ဆိုလိုက် ပါတယ်။

အခုလို လက်ခံ နိုင်စရာ မရှိတဲ့ သွေးထွက် သံယို ဖြစ်နေ တာတွေ ရပ်တန့်ဖို့ အတွက် အီရတ် နိုင်ငံရေး သမားတွေ အနေနဲ့ ချက်ခြင်း အရေးယူ ဆောင်ရွက် မှုတွေ လုပ်ဖို့ မစ္စတာ ကော့ဘလာက ပြောပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေ အတွင်း အီရတ် နိုင်ငံ တလွှား ဆူနီနဲ့ မွတ်ဆလင် နေထိုင်ရာ အရပ် ဒေသ တွေမှာ ဗုံးပေါက်ကွဲ မှုတွေ အများ အပြား ဖြစ်ပွား ခဲ့တာကြောင့် အခြေ အနေတွေ မတည် မငြိမ် ဖြစ်နေခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ