ဆီးရီးယား ပြည်တွင်းစစ် လက်ဘနွန်ကို ရိုက်ခတ်

Image caption ဟက်ဇ်ဘိုလာ တပ်ဖွဲ့ တွေနဲ့ ဆီးရီးယား သူပုန် တွေ ညလုံးပေါက် တိုက်ခိုက်ခဲ့ကြ

ဆီးရီးယား ပြည်တွင်း စစ်ဟာ အိမ်နီးချင်း လက်ဘနွန် နိုင်ငံကို ဖြည်းဖြည်းချင်း နဲ့ ဘယ်လို ဘယ်ပုံ ရိုက်ခတ်မှု ရှိလာနေပြီ ဆိုတဲ့ နောက်ထပ် လက္ခဏာ တွေကို တွေ့မြင် နေရ ပါတယ်။

ဆီးရီးယားနဲ့ နယ်ခြား အနီး လက်ဘနွန် ဘက်ခြမ်းမှာ ဟက်ဇ်ဘိုလာ တပ်ဖွဲ့ တွေနဲ့ ဆီးရီးယား သူပုန်တွေ ညလုံးပေါက် တိုက်ခိုက် ခဲ့ကြပြီးနောက် ဆီးရီးယား သူပုန် အများ အပြား သေဆုံး သွားခဲ့တယ်လို့ လက်ဘနွန် လုံခြုံရေး သတင်း တွေက ဆိုပါတယ်။

တိုက်ခိုက် မှုတွေဟာ ဘာဘက် မြို့ ဘက်ကာ တောင်ကြား အရှေ့ဘက် အပိုင်းမှာ ဖြစ်ပွား ခဲ့တာ လို့ ဆိုပါတယ်။

စနေနေ့ ကတော့ အဲဒီ ဒေသ ဘက်ကို ရော့ကက်တွေ၊ မော်တာ ကျည်တွေ ကျရောက် ခဲ့ပြီး၊ ရော့ကက် တွေဟာ ဘေရွတ်မြို့ တောင်ဘက်ပိုင်း ကိုလည်း ထိမှန်ခဲ့ ပါတယ်။

ဆီးရီးယား သူပုန်တွေ ကတော့ ဟက်ဇ်ဘိုလာ တို့ကနေ သမ္မတာ အာဆတ် အတွက် ဝင်တိုက်ပေး နေတာကို တုံ့ပြန်တဲ့ အနေနဲ့ လက်ဘနွန် နိုင်ငံ ထဲမှာ တိုက်ခိုက် မှုတွေ လုပ်သွား မယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ