ဘင်္ဂလားဒေ့ရှ် အထည်ချုပ် ဗြိတိန် ဒေါ်လာ ၂၇သန်း ကူညီမယ်

Image caption နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ ဝန်ကြီး Alan Duncan

ဘင်္ဂလားဒေ့ရှ် နိုင်ငံက ထောင်သောင်းချီတဲ့ အထည်ချုပ် လုပ်သားတွေရဲ့ လုံခြုံရေးနဲ့ လုပ်ငန်းခွင် ကျွမ်းကျင်မှု ဆိုင်ရာ အရည်အသွေး မြှင့်တင်ဖို့ ဗြိတိန်က ဒေါ်လာ ၂၇ သန်း ထောက်ပံ့ သုံးစွဲမယ်လို့ သိရပါတယ်။

ဒက္ကားမြို့ကို ရောက်ရှိခဲ့တဲ့ နိုင်ငံတကာ ဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ ဝန်ကြီး အယ်လန် ဒန်ကန်က ပြောကြားရာမှာ အလုပ်သမားတွေ လုပ်ခများများ ရပြီး လုပ်ငန်းခွင် အခြေအနေ လုံခြုံ စိတ်ချရရေး အတွက် အောက်ခြေ ဝန်ထမ်းတွေကို သင်တန်းတွေ ပို့ချသွားမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလတုန်းက အထည်ချုပ် စက်ရုံတွေ ရှိရာ အဆင့်မြင့် အဆောက်အဦတခု ပြိုကျခဲ့တာကြောင့် အလုပ်သမား အများအပြား အပါအဝင် လူပေါင်း တထောင့် တရာ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ