ကယ်လီဖိုးနီးယားမှာ ပစ်ခတ်မှုကြောင့် လူခြောက်ယောက်သေ

Image caption ကယ်လီဖိုးနီးယားက အခြေအနေ

အမေရိကန် ပြည်ထောင်စု လော့စ် အိန်ဂျလိစ် အနောက်ပိုင်းက ဆန်တာ မော်နီကာ အရပ်မှာ သေနတ်သမား က ပစ်ခတ်ခဲ့လို့ လူခြောက်ယောက် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ကယ်လီဖိုးနီးယား ရဲက ပြောပါတယ်။

လူနှစ်ယောက် သေဆုံးနေတဲ့ အိမ်တလုံး မီးရှို့ခံရတဲ့ အဖြစ်က တိုက်ခိုက်မှု စတင်ခဲ့တာလို့ ရဲက ပြောပါတယ်။

အဲဒီနောက် သေနတ် အများအပြား ကိုင်ဆောင်ထားတဲ့ လူဟာ ကောလိပ်ကျောင်းနားက လူစည်ကားတဲ့ နေရာနဲ့ ဘတ်စကား တစင်း ဖက်ကို ပစ်ခတ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သေနတ်သမားဟာ နောက်ဆုံးတော့ ကောလိပ် စာကြည့်တိုက် ထဲမှာ ချောင်ပိတ်မိနေပြီး ဆန်တာ မော်နီကာ ရဲရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားတယ်လို့ သိရပါတယ်။