တူရကီ ဝန်ကြီးချုပ် ဆန္ဒပြ ခေါင်းဆောင်တွေကို တွေ့ဖို့ သဘောတူလိုက်ပြီ

ဆန္ဒပြ ခေါင်းဆောင်တွေနဲ့ တွေ့မယ့် ဝန်ကြီးချုပ် Recep Tayyip Erdogan
ဓာတ်ပုံ ပုံစာ,

ဆန္ဒပြ ခေါင်းဆောင်တွေနဲ့ တွေ့မယ့် ဝန်ကြီးချုပ် Recep Tayyip Erdogan

တူရကီ နိုင်ငံမှာ ဝန်ကြီးချုပ် Recep Tayyip Erdogan ဟာ ဗုဒ္ဓဟူး နေ့ကျရင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြနေတဲ့ အဖွဲ့တချို့ရဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ သဘောတူလိုက်ပြီလို့ ဒုဝန်ကြီးချုပ် Bulent Aric က ပြောပါတယ်။

အစ္စတန်ဘူးလ် မြို့လယ်က ပန်းခြံ နေရာကို ကုန်တိုက် ဆောက်မယ့် ကိစ္စကို ဆန့်ကျင် ဆန္ဒပြရာက နိုင်ငံတလွှား လူထု အုံကြွမှု ပြန့်နှံ ဖြစ်ပေါ်ခဲ့ပြီး လူသုံးယောက် သေဆုံးကာ ထောင်နဲ့ချီ ဒဏ်ရာ ရခဲ့တာ ဖြစ်ပါတယ်။

ဒုဝန်ကြီးချုပ်နဲ့ ဆန္ဒပြသမားတွေ အရင်က တွေ့ဆုံခဲ့ပေမယ့် ထူးခြားမှု မရှိခဲ့ဘဲ အဲဒီကစလို့ နှစ်ဖက်ပိုပြီး တင်းမာလာခဲ့တာလို့ အစ္စတန်ဘူးလ် မြို့က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းကတော့ ဝန်ကြီးချုပ်က အခုလို ဆက်လက် ဆန္ဒပြနေမယ် ဆိုရင် ဆိုးဆိုးရွားရွား တုန့်ပြန်ခံရမယ်လို့ သတိပေးခဲ့တာ ဖြစ်ပါတယ်။