ဗီယက်နမ် ဝန်ကြီးချုပ်ကို ယုံကြည်မှုကျ

nguyen tan dung
Image caption မဲမခွဲခင် လွှတ်တော် ပြင်ဘက်က ဝန်ကြီးချုပ် ငုယင် တန်ဇွန်း

ဗီယက်နမ် အမျိုးသား လွှတ်တော် အမတ် ၃ ပုံ ၁ ပုံ လောက်က ဝန်ကြီးချုပ် ငုယင် တန်ဇွန်းကို အယုံ အကြည် နည်းကြောင်း မဲပေး ခဲ့ကြ ပါတယ်။

ပါတီ ထိပ်တန်း ခေါင်းဆောင် တွေ အပေါ် ယုံကြည်မှု ရှိသလား တနင်္လာနေ့က မဲခွဲ ဆုံးဖြတ် ခဲ့တာ ဖြစ်ပါတယ်။

နှစ်စဉ် ကျင်းပဖို့ ရှိတဲ့ ဒီမဲခွဲမှုကို မနှစ်က သမ္မတ တောင်းဆိုမှုကြောင့် ကျင်းပ ခဲ့တာ ဖြစ်ပြီး အကျင့်ပျက် ခြစားမှုနဲ့ အလွဲသုံးစားမှု တွေကြောင့် လူထုကြား မကျေနပ် ဒေါသထွက်မှု တွေကို ဖြေလျှော့ဖို့၊ လူထုကြား တာဝန်ခံမှု ကိုးစားမှုတွေ ပိုမို ရရှိဖို့ စီစဉ် ကျင်းပတာ ဖြစ်ပါတယ်။

ဗဟိုဘဏ် ဥက္ကဋ္ဌ ကို အမတ် ၄ဝ ရာခိုင်နှုန်းကျော်က အယုံအကြည် နည်းကြောင်း မဲပေးခဲ့ ကြပါတယ်။

ဒီမဲခွဲမှုကို အတုအယောင် လုပ်ရပ် အဖြစ် တချို့က သုံးသပ် ကြပေမယ့် ကွန်မြူနစ် ခေါင်းဆောင်တွေကို ဒီလို သတိပေး ဝေဖန်မှုတွေ ရှိလာတာကို အံ့သြစရာ အဖြစ် ရှုမြင်ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ