ဘတ်စ်ကားခ တက်လို့ ဘရာဇီးမှာ ဆန္ဒပြ

Sao Paulo မြို့မှာ ဆန္ဒပြနေတဲ့ လူအုပ်မြင်ကွင်း
ဓာတ်ပုံ ပုံစာ,

Sao Paulo မြို့မှာ ဆန္ဒပြနေတဲ့ လူအုပ်မြင်ကွင်း

ဘရာဇီး နိုင်ငံက အကြီးဆုံး မြို့ဖြစ်တဲ့ Sao Paulo မြို့မှာ သွားလာရေး စရိတ်တွေ မြင့်တက်လာပြီး ၂ဝ၁၄ ကမ္ဘာဖလား ဘောလုံးပွဲ အတွက် ကုန်ကျစရိတ် အများအပြား သုံးစွဲနေတာကို မကျေနပ်လို့ ထောင်သောင်းချီတဲ့ လူတွေစုရုံး ဆန္ဒပြခဲ့ ကြပါတယ်။

ရီယို ဒီ ဂျနဲယိုးနဲ့ တခြား မြို့ကြီးတွေလည်း အလားတူ ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပြီး Belo Horizonte အရပ် မှာတော့ Confederations Cup ဘောလုံးပွဲ ကျင်းပတဲ့ နေရာကို သွားရောက် ဆန္ဒပြဖို့ ကြိုးစားသူတွေနဲ့ ရဲတွေကြား အစောပိုင်းတုန်းက ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြပါတယ်။

ဘရာဇီးမှာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဘတ်စကားခနှုန်း မြင့်တက် သွားတဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ ပြီးတဲ့နောက် အခုလို ဆန္ဒပြမှုတွေ စဖြစ်ခဲ့တာ ဖြစ်ပါတယ်။