တာလီဘန်တွေနဲ့ တိုက်ရိုက် အမေရိကန် ဆွေးနွေးမယ်

ကာတာမှာ တာလီဘန်ရုံး တရားဝင် ဖွင့်လှစ်
အမေရိကန် ပြည်ထောင်စုဟာ လာမယ့် ရက်ပိုင်းတွေ အတွင်း တာလီဘန်တွေနဲ့ တိုက်ရိုက် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ လမ်းဖွင့်ပေးလိမ့်မယ်လို့ သမ္မတ အိမ်ဖြူတော်က ထုတ်ပြန် ကြေညာခဲ့ပါတယ်။
တာလီဘန်တွေရဲ့ ပထမဆုံး တရားဝင် ရုံးခန်းဖွင့်လှစ်ထားရာ ကာတာနိုင်ငံ ဒိုဟာမြို့မှာ တွေ့ဆုံ ဆွေးနွေးပွဲတွေ ကျင်းပမှာ ဖြစ်ပြီး တာလီဘန်တွေ အနေနဲ့ အဲဒီလို ပြည်ပမှာ တရားဝင် ရုံးခန်း ဖွင့်နိုင်ဖို့ နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။
သူတို့ အဖွဲ့ဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထောက်ခံပြီး အာဖဂန်မြေပေါ်မှာ တခြား တိုင်းပြည်တွေက လာရောက် ခြိမ်းခြောက်နေတာကို ဆန့်ကျင်တယ်လို့ တာလီဘန် ပြောခွင့်ရသူက ဆိုပါတယ်။
ဆွေးနွေးပွဲ မစခင် ခုနက ကြိုတင် လက်ခံထားရမယ့် အချက် နှစ်ခုကို တာလီဘန်တွေဖက်က သဘောတူခဲ့ကြတယ်လို့ အမေရိကန် သမ္မတ အိမ်ဖြူတော်က အခိုက်အမာ ပြောကြားခဲ့ပါတယ်။
သူ့အစိုးရကလည်း အဲဒီဆွေးနွေးပွဲ တက်ရောက်ဖို့ ကိုယ်စားလှယ် အဖွဲ့စေလွှတ်မယ်လို့ အာဖဂန် သမ္မတ ဟာမစ် ခါဇိုင်းက ပြောပါတယ်။