ဖူကူရှီးမားအနီးက ရေတွေ အဆိပ်သင့်

tsunami-ravaged_fukushima_dai-ichi_nuclear_power_plan
Image caption ဖူကူရှီးမား နျူဓာတ်အားပေး စက်ရုံ

ဂျပန် နိုင်ငံက ဖူကူရှီးမား နျူကလီးယား ဓာတ်အားပေး စက်ရုံရဲ့ အနီးက ရေတွေထဲမှာ အဆိပ်ရှိတဲ့ အိုင်ဆိုတုပ် Strontium-90 ပျော်ဝင်နှုန်း မြင့်မား နေတာကို တွေ့ရတယ်လို့ စက်ရုံက တာဝန်ရှိသူ တွေက ပြောပါတယ်။

အဲဒီ ဓာတ်အားပေး စက်ရုံကို မောင်းနှင် နေတဲ့ တိုကျို လျှပ်စစ်ဓာတ်အား ကော်ပိုရေးရှင်း ရဲ့ အရာရှိ တွေက အဲဒီ ရေတွေကို စမ်းသပ် ဓာတ်ခွဲ ရာမှာ အဲဒီ Strontium-90 တွေ ရဲ့ ပါဝင်မှုက မနှစ်က ထက်စာရင် ၁၀၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တာကို တွေ့ရတယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား ခဲ့ပါတယ်။

ဒါဟာ အဲဒီ စက်ရုံက ပျက်စီး နေတဲ့ ဓာတ်ပေါင်းဖို တွေကို အေးအောင် လုပ်ဖို့ သုံးတဲ့ ရေတွေဟာ အနီးဝန်းကျင်က မြေလွှာ ထဲကို စိမ့်ဝင် သွားခဲ့တာကို ပြနေတာပဲ ဖြစ်တယ်လို့ အဲဒီက ဘီဘီစီ သတင်းထောက်က ပြောပါတယ်။ အဲဒီကိစ္စကို အရင်ကတော့ တိုကျို လျှပ်စစ်ဓာတ်အား ကော်ပိုရေးရှင်းက ငြင်းဆိုထားခဲ့ပါတယ်။

ဒါဟာ စက်ရုံထဲက ရေတွေကို ပင်လယ်ထဲကို သွန်ပစ် နိုင်ဖို့ စီစဉ် နေတဲ့ သူတို့ရဲ့ အစီအစဉ်တွေ အပေါ်မှာ ထိခိုက် သွားစေခဲ့တာပဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ