ဘရာဇီးလ် သမ္မတ တိုင်းပြည်ကို မိန့်ခွန်း ပြော

Image caption အကြမ်းဖက် ဆူပူမှုတွေကို သည်းခံမှာ မဟုတ်ဘူးလို့ ဘရာဇီးလ် သမ္မတ ပြော

ဘရာဇီးလ်နိုင်ငံမှာ သီတင်း တပတ်ကျော်ကြာ ဆူပူ ဆန္ဒပြမှုတွေ ဖြစ်ခဲ့အပြီး ပထမဆုံး အကြိမ် အဖြစ် သမ္မတ Dilma Rousseff က နိုင်ငံကို မိန့်ခွန်း ပြောခဲ့ရာမှာ ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေဟာ ခိုင်မာတဲ့ ဒီမိုကရေစီ စနစ်ရဲ့ တစိတ်တပိုင်း ဖြစ်ကြောင်း၊ ဒါပေမယ့် အကြမ်းဖက် ဆူပူမှုတွေကိုတော့ သည်းခံမှာ မဟုတ်ကြောင်း ပြောသွားပါတယ်။

အစောပိုင်းတုန်းကလည်း သမ္မတ Dilma Roussef က ဆန္ဒပြနေမှုတွေကို အဆုံးသတ်သွားအောင် ဘယ်လို လုပ်ကြမလဲ ဆိုတာ ဆွေးနွေးဖို့ အရေးပေါ် ကက်ဘိနက်ဝန်ကြီး အစည်းအဝေး ခေါ်ယူခဲ့ပါတယ်။

အဂတိ လိုက်စားမှုတွေ၊ လူထု သယ်ယူပို့ဆောင်ရေး စနစ် ရဲ့ ချွတ်ယွင်းမှုတွေ၊ လာမယ့်နှစ်မှာ ကျင်းပမယ့် ကမ္ဘာ့ ဖလား ဘောလုံးပွဲရဲ့ ကုန်ကျစရိတ် ကြီးမားမှုတွေ အပါအဝင် ကိစ္စရပ်တွေ အတော်များများ အတွက် ကြာသပတေးနေ့တုန်းက ဘရာဇီးလ် နိုင်ငံတဝှမ်းက မြို့ကြီးတွေက လမ်းမတွေပေါ်မှာ လူတသန်းကျော် လောက် ထွက်ဆန္ဒပြ ခဲ့ကြပါတယ်။

အခုလည်းရီယို ဒီ ဂျနဲရိုးနဲ့ ဆောင် ပေါလို မြို့တွေမှာ ဆန္ဒပြသူတွေ ထပ်မံ စုဝေး ရောက်လာနေပါတယ်။