တရုတ်ကလေးငယ် ၅ ထပ်က ပြုတ်ကျပေမယ့် မသေ

China Baby
Image caption ပြုတ်ကျ ကလေးငယ်ကို အောက်ကနေ ဆီးဖမ်းကြ

တရုတ်နိုင်ငံ နင်ဟိုင်းမြို့မှာ ၂ နှစ်ခွဲ အရွယ် မိန်းကလေးတစ်ဦးဟာ အထပ်မြင့်တိုက် ငါးထပ်က ပြုတ်ကျပေမယ့် သေကံမရောက်ပဲ အောက်က လူတွေ ဖမ်းထားနိုင်ခဲ့လို့ အသက်ရှင်ခဲ့ပါတယ်။

ကျိကျိဆိုတဲ့ ကလေး အိပ်နေစဉ် မိဘတွေက ကလေး တစ်ယောက်တည်း ထားကာ အပြင်ထွက်သွားပြီး ကလေးနိုးလာတဲ့ အချိန်မှာတော့ ကလေးက ပြတင်းပေါက် ဘောင်ပေါ် တက်တာ ဖြစ်ပါတယ်။

ကလေးငိုတာ ကြားလို့ အထက်ကို မော့ကြည့်ကြတဲ့ လူ လေးငါးယောက်က ကလေးပြုတ်ကျတဲ့အခါ အောက်ကနေ ဝိုင်းဖမ်းကြတာ ဖြစ်ပါတယ်။

ဖမ်းတဲ့ လူထဲက ၂ ဦး ဒဏ်ရာရသွားပြီး ကလေးကတော့ မျက်နှာမှာ အပွန်းရာတစ်ခုက လွဲလို့ ပြင်းပြင်ထန်ထန် ထိခိုက်တာ မရှိဘူးလို့ သိရပါတယ်။

ကလေးပြုတ်ကျတဲ့ ဗီဒီယို ကြည့်ရှုရန်

ဒီသတင်းနဲ့ပတ်သက်သမျှ