အိန္ဒိယ ရေဘေး ကယ်ဆယ်ရေး အရှိန်မြှင့်ဆောင်ရွက်

Image caption ပိတ်မိ နေကြတဲ့ လူတွေကို လုံခြုံရေး တပ်ဖွဲ့တွေ ကနေ ရဟတ်ယာဉ် တွေနဲ့ ကယ်ထုတ် ပေးနေ

အိန္ဒိယ နိုင်ငံ မြောက်ပိုင်းမှာ ရေကြီးမှုတွေ ဖြစ်ပွားလို့ သောင်းနဲ့ ချီပြီး ပိတ်မိ နေကြတဲ့ လူတွေ အတွက် ကယ်ဆယ်ရေး ဆောင်ရွက် မှုတွေ အကြီး အကျယ် ပြုလုပ်နေ ပါတယ်။

အခု ဖြစ်ရပ်ကို နိုင်ငံတော် အကျပ် အတည်း ကြီး တခု အဖြစ် အိန္ဒိယ အစိုးရက ဖေါ်ပြ ပြောဆို လိုက်ပါ တယ်။

ပိတ်မိ နေကြတဲ့ လူတွေကို လုံခြုံရေး တပ်ဖွဲ့တွေ ကနေ ရဟတ်ယာဉ် တွေနဲ့ ကယ်ထုတ် နေပေမယ့်လို့ လမ်းတွေ တံတားတွေ ပြန်ပြင်ဖို့ ကိုတော့ အတော် ခက်ခက် ခဲခဲ ကြိုးပမ်း ဆောင်ရွက် နေရ ပါတယ်။

ရေကြီးတဲ့ ဒဏ်ကို အဆိုးဝါးဆုံး ခံခဲ့ ရတဲ့ ဥတရာခန်း ပြည်နယ် မှာတော့ အသက် မသေဘဲ လွတ်မြောက်ခဲ့ သူတွေကို အထူး ရထား ပို့ဆောင်ရေး လိုင်းတခုနဲ့ ဘေးကင်း ရာကို သယ်ဆောင် ပေးနေပါတယ်။

ကယ်ဆယ်ရေး အေဂျင်စီတွေ အကြား ညှိနှိုင်း ဆောင်ရွက် မှုတွေ မလုပ် နိုင်ဘဲ ပျက်ကွက် ခဲ့တယ် ဆိုတာကို အရာရှိ တွေက ဝန်ခံကြ ပါတယ်။ ဥထရာခန်း ပြည်နယ် ဝန်ကြီးချုပ် ဟာလည်း သူ့ အစိုးရရဲ့ ဆောင်ရွက်မှု တွေနဲ့ ပတ်သက်ပြီး မေးခွန်း ထုတ်ခံနေရ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ