ပါကစ္စတန်မှာ နိုင်ငံခြားခရီးသည်တွေ ပစ်သတ်ခံရ

Image caption တောင်ခြေ ဟော်တယ် တခုမှာ တည်းခိုနေချိန် စစ် ဝတ်စုံနဲ့ ၂၀ လောက်က ဟော်တယ် ကို ဝင်စီးပြီး ပစ်သတ် သွားခဲ့

ပါကစ္စတန် နိုင်ငံ မြောက်ဘက် ပိုင်းက ဝေးလံ ခေါင်သီတဲ့ နေရာ တခုမှာ နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည် ၁၀ ဦး အပါအဝင် အနည်းဆုံး လူ ၁၁ ဦး၊ ပစ်သတ် ခံလိုက်ရ ပါတယ်။

နိုင်ငံခြားသား တွေဟာ ယူကရိန်း၊ တရုတ်နဲ့ ရုရှား နိုင်ငံတို့က ဖြစ်ကြပြီး၊ သူတို့ တတွေဟာ အဲဒီ ဒေသက အမြင့်ဆုံး တောင်တန်း တခုရဲ့ တောင်ခြေ ဟော်တယ် တခုမှာ တည်းခို နေကြတာ ဖြစ်ပါတယ်။

အဲဒီ အချိန်မှာ စစ်ယူနီဖေါင်း ဝတ်ထားတဲ့ လူ ၂၀ လောက် ကနေ ဟော်တယ်ကို ဝင်စီးပြီး ပစ်သတ် သွားခဲ့တာ ဖြစ်ပါတယ်။ ပါကစ္စတန် ဧည့်လမ်းညွှန် တဦးပါ သေဆုံး သွားခဲ့ပါတယ်။

အခု အချိန်မှာတော့ အဲဒီ ဒေသကို ရဲနဲ့ စစ်တပ်က ပိတ်ထား လိုက်ပြီလို့ ဂီဂစ် ဘောလ်တီစတန် ပြည်နယ် ဝန်ကြီးချုပ်က ပြောပါတယ်။

ဆူနီ စစ်သွေးကြွ အဖွဲ့တခုနဲ့ ပါကစ္စတန် တာလီဘန် တွေက ဒီတိုက်ခိုက်မှုကို သူတို့ လုပ်ခဲ့တာ လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ လက တာလီဘန် ထိပ်တန်း တပ်မှူး တဦး အမေရိကန် ဒရုန်း လေယာဉ်နဲ့ တိုက်ခိုက်မှုကြောင့် သေဆုံး သွားခဲ့ ရတာကို ပြန် လက်စားချေတဲ့ အနေနဲ့ အခုလို လုပ်တာလို့ တာလီဘန် ပြောခွင့် ရသူက ပြောပါတယ်။

ပြည်ထဲရေး ဝန်ကြီး ကတော့ တိုင်းပြည်ရဲ့ လုံခြုံရေး အေဂျင်စီတွေဟာ အလုပ်ကို ပုံမှန် မဆောင်ရွက် နိုင်ခဲ့ဘူး ဆိုပြီး ဝေဖန်လိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ