အင်ဒိုနီးရှား သမ္မတ မလေးရှားနဲ့ စင်္ကာပူကို တောင်းပန်

Image caption လေထု ညစ်ညမ်းမှု အန္တရယ်ရှိတဲ့ အဆင့်ရောက်နေ

အင်ဒိုနီးရှားမှာ အကြီးအကျယ် တောမီးလောင်ကျွမ်းမှု ရက်အတော်ကြာ ဖြစ်ခဲ့ပြီးတဲ့နောက် မီးခိုးတွေက အိမ်နီးချင်းနိုင်ငံတွေဆီ ပြန့်နှံ့ သွားခဲ့တာကြောင့် သမ္မတ ဆူဆီလို ဘန်ဘန် ယူဒိုရိုနိုင်က စင်္ကာပူနဲ့ မလေးရှား နိုင်ငံတို့ကို တောင်းပန်စကား ပြောကြားခဲ့ပါတယ်။

တောမီးကို အင်ဒိုနီးရှား အနေနဲ့ ကြိုးစားပမ်းစား ငြိမ်းသတ်ခဲ့ရပြီး စိုက်ပျိုးရေး လုပ်ဖို့ ရည်ရွယ်ချက် ရှိရှိနဲ့ တောခုတ် မီးရှို့ခဲ့တဲ့ ကုမ္ပဏီ မှန်သမျှကို စုံစမ်း စစ်ဆေးမယ်လို့ သမ္မတ ယူဒိုရိုနို က ပြောပါတယ်။

ဆူမတ်တြား ကျွန်းမှာ တောမီး စရှို့တယ်လို့ သင်္ကာမကင်းဖြစ်တဲ့ လယ်သမား နှစ်ယောက်ကို ဖမ်းထားတယ်လို့ အရာရှိတွေက ပြောပါတယ်။

အင်ဒိုနီးရှား နိုင်ငံ တဝိုက် ဒေသတွင်းမှာ လေထု ညစ်ညမ်းမှု အဆင့်ဟာ အန္တရာယ်ရှိတဲ့ အတိုင်းအတာ အထိ ရက်တော်တော်ကြာ ရောက်ခဲ့တာ ဖြစ်ပါတယ်။