နယ်လ်ဆင် မန်ဒဲလားကို သမ္မတအိုဘားမား ချီးကျူး

Image caption လက်ရှိ သမ္မတ ဂျက်ကော့ ဇူးမားနဲ့ ဆွေးနွေး အပြီး မစ္စတာ အိုဘားမားက အခုလို ပြောကြား ခဲ့တာ ဖြစ်ပါတယ်

အမေရိကန် သမ္မတ အိုဘားမားက နယ်လ်ဆင် မန်ဒဲလားရဲ့ စိတ်ဓာတ် ကြံ့ခိုင်မှုဟာ၊ ကမ္ဘာကြီး အတွက် အားကျ စံနမူနာ ယူစရာ ဖြစ်ခဲ့ တယ် ဆိုပြီး ချီးကျူး စကား ပြောကြား လိုက် ပါတယ်။

အသား အရောင် ခွဲခြား မှုကို ဆန့်ကျင်ပြီး လွတ်မြောက် မှု အတွက် တိုက်ပွဲ ဝင်တဲ့ နေရာမှာ မက်ဒီဘာရဲ့ စိတ်ဓာတ် ကြံ့ခိုင်မှု၊ နောက်ပြီး လွတ်လပ်တဲ့ ဒီမိုကရေစီ နိုင်ငံ တခု အဖြစ် တောင် အာဖရိက မှာ သမိုင်းဝင် အပြောင်း အလဲ ဖြစ်ခဲ့ တာတွေဟာ သူ့ကို အားကျ စေခဲ့ သလို ကမ္ဘာကြီး အတွက်လည်း စံနမူနာ ယူစရာ ဖြစ်တယ်လို့ ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

သမ္မတ အိုဘားမားက မစ္စတာ မန်ဒန်လား ဝတ်ဆင်လေ့ ရှိတဲ့ ပါတိတ် အင်္ကျီကို အစွဲပြုပြီး သူ့ကို မက်ဒီဘာ လို့ ခေါ်ဆိုခဲ့ ပါတယ်။

တောင်အာဖရိကမှာ ပထမဆုံး လူမည်း သမ္မတ ဖြစ်လာ ခဲ့တဲ့၊ မစ္စတာ မန်ဒဲလားဟာ ရင်ထဲ ကနေ စကားကို လေးလေး နက်နက် ပြောကြားသူ ဖြစ်တယ်လို့ မစ္စတာ အိုဘားမားက ပြောပါ တယ်။

လက်ရှိ သမ္မတ ဂျက်ကော့ ဇူးမားနဲ့ ဆွေးနွေး အပြီး မစ္စတာ အိုဘားမားက အခုလို ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတ အိုဘားမားရဲ့ တောင်အာဖရိက ခရီးစဉ်ဟာ သမ္မတဟောင်း နယ်လ်ဆင် မန်ဒဲလားရဲ့ ကျန်းမာရေးက အဓိက လွှမ်းမိုးထား ပါတယ်။

မစ္စတာ အိုဘားမားဟာ မန်ဒဲလားကို ဆေးရုံမှာ သွားရောက် ကြည့်ရှု တာမျိုး လုပ်မှာ မဟုတ်ဘဲ မန်ဒဲလားရဲ့ ဆွေမျိုး တွေနဲ့သာ တွေ့ဆုံမှာ ဖြစ်တယ်လို့ အိမ်ဖြူတော်က သတင်းထုတ်ပြန် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ