တာလီဘန်အရေး ဗြိတိန် ရဲ့ အမြင်

cameron afghan
Image caption ဗြိတိန်ဝန်ကြီးချုပ် နဲ့ အာဖဂန်သမတ ခါဇိုင်း ပူးတွဲ သတင်းစာရှင်းလင်းပွဲ လုပ်စဉ်

ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်း က တာလီဘန်တွေ အနေနဲ့ အာဖဂန် နစ္စတန် ရဲ့ ငြိမ်းချမ်းရေး အတွက်နိုင်ငံရေး လုပ်ငန်းစဉ်မှာ ပါ၀င်သင့်တယ် ၊ အာဖဂန် နိုင်ငံရဲ့ အနာဂတ် မှာ တာလီဘန် ရဲ့ အခန်းကဏ္ဍ ရှိသင့်တယ် လို့ ပြောလိုက်ပါတယ်။

အာဖဂန် ငြိမ်းချမ်းရေး အတွက် အာဖဂန် နိုင်ငံသားတွေ က သာ ဦးဆောင် ရမယ် ဆိုတဲ့ အချက် ကိုလည်း သူ ကအလေးထား ပြောပါတယ်။

ဗြိတိန် ဝန်ကြီးချုပ် ကင်မရွန်းဟာ စနေနေ့ က အာဖဂန်ရောက် ဗြိတိန် စစ်သားတွေနဲ့လည်း တွေ့ဆုံခဲ့သလို နောက်ပိုင်းမှာ လည်း အာဖဂန် သမ္မတ ဟာမစ်ခါဇိုင်း နဲ့ တွေ့ဆုံခဲ့ပြီး အခုလို စကားတွေ ပြောခဲ့တာပါ။

အာဖဂန် အရေးအတွက် တာလီဘန်တွေ ပါဝင်ရမယ် ဆိုပေမယ့်လည်း လက်နက် တွေ စွန့်ဖို့လို တာ သူတို့ သိဖို့ လိုတယ် ဆိုတာ ကို မစ္စတာ ကင်မရွန်းက ပြောပါတယ်။

အခုလို ဗြိတိန်ဝန်ကြီးချုပ်ရဲ့ အာဖဂန် ခရီးစဉ်ဟာ ကာတာနိုင်ငံ ရဲ့မြို့တော်မှာ တာလီဘန် တို့ရုံးဖွင့် နိုင်တဲ့ ရက်အနည်းငယ် အကြာမှာ ဖြစ်လာခဲ့တာပါ။

အမေရိကန် ကတော့ တာလီဘန် တို့နဲ့ သီးခြားဆွေးနွေးမယ် ဆိုတာ ကြေညာ ထားပြီး ပါပြီ။

အာဖဂန်အရေး နဲ့ပတ်သက်ပြီး အမေရိကန်နဲ့ ဗြိတိန် ကြား မတူညီတဲ့ အသွင်နဲ့ချဉ်းကပ် နေပေမယ့်လည်း မစ္စတာ ကင်မရွန်း က ဗြိတိန် နဲ့ အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေက လိုချင် တာဟာ အာဖဂန် တည်ငြိမ်ရေး၊ လုံခြုံရေး နိင်ငံတိုးတက်ရေး စတာတွေ ကလွဲလို့ တခြားဘာ ဆန္ဒမှ မရှိပါဘူး လို့လည်း ဆိုပါတယ်။

အခု ဗြိတိန် ရဲ့ ခြေလှမ်းဟာ ဟိုးအရင် ၂၀၀၂ က အာဖဂန်မှာတာဝန်ကျခဲ့တဲ့ ဗြိတိန် စစ်ဗိုလ်ချုပ် နစ်ခ ကတ်တာ ရဲ့စကားကိုလည်း ပြန်အမှတ်ရ စရာပါ။

အဲဒီတုန်း က ဗိုလ်ချုပ်ကတ်တာ က တာလီဘန်တွေ ကို ဆွေးနွေးပွဲဝိုင်းထဲ သွင်းသင့်တယ်လို့ ပြောခဲ့သူပါ။

သူရာထူး ကပြုတ်ပြီး မကြာမတင် မှာ ပြောခဲ့တာပါ။

အခုတော့ သူ့ မှတ်ချက်စကား အတိုင်းပဲ နိုင်ငံရေး က ဖြစ်လာ တယ်လို့ ပြောနိုင် နေကြောင်းပါ။