ဓါတုဆေးသုံး အစားအစာ ထုတ်သူတွေ အပေါ် ပြစ်ဒဏ်တိုးမြှင့်

Image caption ဓါတုဆေးသုံးပြီး မှည့်ဝင်းအောင် လုပ်ထားတဲ့ သရက်သီး

ဘင်္ဂလားဒေ့ရှ်မှာ ဓါတုဆေးတွေနဲ့ ပြုပြင်ဖန်တီးထားတဲ့ အစားအစာ ထုတ်သူတွေ အပေါ် ချမှတ်မယ် ပြစ်ဒဏ်ကို တိုးမြှင့် သတ်မှတ်မယ့် ဥပဒေကြမ်းကို အစိုးရက အတည်ပြု ပေးလိုက်ပါတယ်။

လွှတ်တော်က အတည်ပြုဖို့ လိုနေသေးတဲ့ ဒီဥပဒေကြမ်း အရ အသား ၊ ငါး ၊ သစ်သီးနဲ့ တခြား စားကုန်တွေမှာ ဓါတုဆေးတွေ ၊ စက်မှုသုံး ဆိုးဆေးတွေကိုသုံးပြီး သန့်ရှင်း လတ်ဆတ်တဲ့ စားစရာ သဖွယ် ပြင်ဆင်ထားကြောင်း တွေ့ရရင် အပြစ် ကျူးလွန်သူတွေကို အမြင့်ဆုံး ထောင် ၇ နှစ်ထိ ချမှာ ဖြစ်ပါတယ်။

ဒီကျူးလွန်မှုကို ထပ်တလဲလဲ လုပ်ခဲ့ရင် ထောင်ဒဏ်နှစ်ဆ တိုးမြှင့် ချထားမယ်လို့ ဆိုပါတယ်။

သဘာဝ အစားအစာတွေကို ဓါတုဆေးတွေ သုံးပြီး ပြောင်းလဲ ဖန်တီးပစ်တာဟာ ဘင်္ဂလားဒေ့ရှ်မှာ စိုးရိမ်စရာ အခြေအနေ ရောက်နေတယ်လို့ အစားအသောက် ကျွမ်းကျင်သူတွေက ဆိုပြီး ဒီအစားအစားတွေက လူ့ကျန်းမာရေးကို အကြီးအကျယ် အန္တရာယ်ပေး ခြိမ်းခြောက်နေတာ ဖြစ်ပါတယ်။