ပိုမျှတတဲ့ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ အီဂျစ်ကြားဖြတ်သမ္မတ ကတိပေး

အီဂျစ် နိုင်ငံမှာ သမ္မတ မိုဟာမက် မော်စီကို ဖြုတ်ချခဲ့ အပြီး တရားသူကြီးချုပ် Adly Mansour က ကြားဖြတ် သမ္မတ အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ ပါတယ်။

အီဂျစ် အစိုးရ အဖွဲ့သစ်မှာ အဖွဲ့အားလုံး ပါဝင် လုပ်ကိုင်ကြဖို့ သူက ဆော်သြခဲ့ပါတယ်။

နိုင်ငံဟာ ပိုမိုမျှတပြီး အပြစ် အနာ အဆာ ပိုနည်းတဲ့ ဒီမိုကရေစီ နိုင်ငံ ဖြစ်စေရမယ်လို့ ပြည်သူ တွေကို သူက ကတိပေးခဲ့ပြီး အဲဒီ လုပ်ငန်းစဉ်မှာ အခု ဖယ်ရျားခဲခဲ့ရတဲ့ သမ္မတ မော်စီရဲ့ မွတ်ဆလင် ညီနောင်များအဖွဲ့လည်း ပါဝင်သင့်တယ်လို့ ဆိုပါတယ်။

မစ္စတာ မော်စီကို အခုအခါ စစ်တပ်က ထိန်းသိမ်းထားပြီး မွတ်ဆလင် ညီနောင်များအဖွဲ့ရဲ့ ဖေါင်းဆောင်နဲ့ ဒုတိယ ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်ထားပါတယ်။

အစ္စလမ်မစ်တွေကို အီဂျစ်နိုင်ငံရဲ့ နိုင်ငံရေး အခြေအနေမှန်ကို နားလည်သဘောပေါက်ကြပြီး လမ်းမတွေပေါ်ကနေ အိမ်ပြန်ကြဖို့ အီဂျစ်နိုင်ငံမှာ သြဇာကြီးမားတဲ့ အီဂျစ် ဆာလာဖစ် လှုပ်ရှားမှု (Dawa Salafiya) အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ