တရုတ် မှာ ပို့ကုန် ကော သွင်းကုန် ပါ ကျဆင်း

china_port
Image caption တရုတ်ကုန်သွယ်ရေး ကျဆင်း နေ

တရုတ် အစိုးရက တရားဝင် ထုတ်ပြန်တဲ့ စာရင်း ဇယားတွေအရ ကမ္ဘာ့ ဒုတိယ စီးပွားရေး အင်အား အကြီးဆုံး တရုတ် နိုင်ငံ ရဲ့ ကုန်သွယ်ရေး ကျဆင်း လာ နေတဲ့ လက္ခဏာတွေ တွေ့နေရ ပါတယ်။

တရုတ် နိုင်ငံရဲ့ ပို့ကုန်ရော သွင်းကုန်ပါ မမျှော်လင့်ဘဲ ကျဆင်း လာခဲ့တာပါ။

ပြီးခဲ့တဲ့ ဇွန်လက တရုတ်ရဲ့ ပြည်ပ ပို့ကုန်ဟာ ၃ ဒဿမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။

လေ့လာ စောင့်ကြည့်သူတွေ က ပို့ကုန်၄ ရာခိုင်နှုန်း တိုးလာလိမ့်မယ်လို့ ခန့်မှန်း ထားခဲ့ကြတာပါ။

ဒါပေမဲ့ အခုလိုကျဆင်းနေပြီ အခုနှစ် အနေအထား ဟာ မနှစ်က ဒီအချိန် ကထက် ၁ ရာခိုင်နှုန်း ပို ကျဆင်း သွားတာ ဖြစ်ပါတယ်။

ဒါဟာ တရုတ် ပို့ကုန်တွေကို ကမ္ဘာမှာ ဝယ်လိုအား ကျဆင်း လာနေတဲ့ လက္ခဏာ ဖြစ်တယ်လို့ ဘီဘီစီ စီးပွားရေးရာ သတင်းထောက် Andrew Walker က ပြောပါတယ်။

တရုတ်နိုင်ငံက သူ့ရဲ့ အဓိက ပို့ကုန် စျေးကွက် ဖြစ်တဲ့ အမေရိကန်နဲ့ ဥရောပ တို့ကို တင်ပို့နိုင်မှု အချိန်ကြာကြာ ကျဆင်း နေတာပါ။

အခုလို ကုန်သွယ်ရေး ကျဆင်းမှု က နေ နောက်ထပ်ပြီး စီးပွားရေး တိုးတက်မှုနှုန်း ကျဆင်း သွားမှာ ကိုလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။

ပြည်ပမှာ တရုတ် ပစ္စည်းတွေ ရောင်းအား ကျဆင်းတာကို ကာမိနိုင်အောင် ပြည်တွင်း သုံးစွဲမှု ကို တိုးအောင် လုပ်ဖို့ ကြိုးစားခဲ့ကြပေမယ့်လည်း အခက်အခဲ ရှိနေတာ တွေ့ရ ပါတယ်။

အခု ဇွန်လမှာ ပို့ကုန်ရော သွင်းကုန်ပါ မမျှော်လင့်ဘဲ ကျဆင်းမှုက လာမယ့် လတွေ အတွင်းမှာလည်း တရုတ် စီးပွားရေး တိုးတက်မှု အပေါ် ဖိအားတွေ ရှိလာနိုင်တာကို ပြသ နေတဲ့ လက္ခဏာ ဖြစ်တယ် လို့ သုံးသပ် နေကြပါတယ်။