အီဂျစ်မွတ်ဆလင်ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်

Image caption မစ္စတာ ဘဒီး ကတော့ ငြိမ်းချမ်းစွာ ပြုလုပ် နေတဲ့ တော်လှန်ရေးလို့ ပြောပါတယ်

အီဂျစ် နိုင်ငံတော် ရှေ့နေရုံး ကနေ မွတ်ဆလင် ညီနောင်များ အဖွဲ့ ခေါင်းဆောင် မိုဟာမက် ဘဒီး နဲ့ တခြား ထိပ်တန်း ခေါင်းဆောင် အတော် များများကို ဖမ်းဝရမ်း ထုတ်လိုက် ပါတယ်။

တနင်္လာနေ့က ကိုင်ရိုမြို့ စစ်တန်းလျား အနီး လူပေါင်း ၅၀ ကျော် သေဆုံး ခဲ့ရတဲ့ အကြမ်းဖက် မှုကို အဲဒီ ခေါင်းဆောင် တွေက လှုံ့ဆော် ဖန်တီး ခဲ့တာ လို့ စွပ်စွဲပြီး အခုလို ဖမ်းဝရမ်း ထုတ်လိုက် တာလည်း ဖြစ်ပါတယ်။

အဲဒီတုန်းက သေဆုံးသွားသူ အများစုဟာ မစ္စတာ မော်စီကို ထောက်ခံ ကြတဲ့ သူတွေ ဖြစ်ကြ ပါတယ်။

မွတ်ဆလင် ညီနောင်များ အဖွဲ့ ကတော့ လုံခြုံရေး တပ်ဖွဲ့တွေဟာ အစုံလိုက် အပြုံလိုက် သတ်ဖြတ်မှုကို ကျူးလွန် ခဲ့တယ်လို့ စွပ်စွဲ ပြောကြားပါတယ်။

ဒါပေမယ့်လို့ စစ်တပ်နဲ့ ရဲကတော့ ကိုယ့်ကိုယ်ကို ကာကွယ်တဲ့ အနေနဲ့ ပစ်ခတ် တာသာ ဖြစ်တယ်လို့ ပြောပါတယ်။

အသစ် ခန့်အပ်ထားတဲ့ ကြားဖြတ် ဝန်ကြီးချုပ် ကတော့ အစိုးရ တရပ် ဖွဲ့စည်းဖို့ အတွက် ဆက်လက် ကြိုးပမ်း ဆောင်ရွက်နေ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ