ပြင်သစ် မီးရထား မှောက်မှု လူသေဆုံး

france
Image caption သမ္မတ အော်လန်းက စုံစမ်း စစ်ဆေးမှုတွေ လုပ်ဖို့ ကတိပြု

ပြင်သစ် နိုင်ငံ ပါရီ မြို့တော် တောင်ဘက် မှာ မီးရထား မှောက်မှု ကြောင့် အနည်းဆုံး လူ ၆ ယောက် သေဆုံးသွားပါတယ်။

အခင်း ဖြစ်ပွားတဲ့ Bretigny-sur-Orge မြို့ကို သမ္မတ ဖရန်ဆွာ အော်လန်း ရောက်ရှိ လာပြီး စုံစမ်း စစ်ဆေးမှုတွေ လုပ်ဖို့ ကတိပြု ခဲ့ပါတယ်။

ပြင်သစ် နွေရာသီ အားလပ်ရက် အစ သီတင်းပတ်မှာ ဖြစ်ပွားခဲ့တဲ့ ဒီရထားတွဲ လမ်းချော် တိမ်းမှောက်မှု ကြောင့် လူဒါဇင်နဲ့ချီ ဒဏ်ရာ ရခဲ့ကြပြီး ၉ ဦး အသည်း အသန် ဖြစ်နေကြောင်း သိရ ပါတယ်။

ရထားတွဲ ၆ တွဲ လမ်းချော် သွားခဲ့တာ ဖြစ်ပြီး အဲဒိထဲက တတွဲက ဘူတာရုံကို ဝင်တိုက်တာ ဖြစ်ပါတယ်။

ရထားပျက် ထဲက ခရီးသည် တွေကို ဆွဲထုတ် နိုင်ဖို့ အရေးပေါ် ကယ်ဆယ်ရေး ဆောင်ရွက် နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ