စနိုဒန်က ရရှားမှာ ခိုလှုံခွင့် တောင်းလို

Snowden
Image caption လူ့အခွင့်အရေးအဖွဲ့တွေနဲ့ တွေ့ဆုံခဲ့တဲ့ စနိုဒန်

မော်စကို လေဆိပ်အတွင်းမှာ အခုချိန်ထိ သုံးပတ်ကြာ ခိုလှုံနေရဆဲ ဖြစ်တဲ့ အမေရိကန် ထောက်လှမ်းရေးဟောင်း အက်ဒ်ဝပ် စနိုဒန်က ရရှားနိုင်ငံတွင်းမှာ နိုင်ငံရေး ခိုလှုံခွင့်ပေးဖို့ ပန်ကြားလိုတယ်လို့ ပြောပါတယ်။

သူ့ဟာ လူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့ပြီးနောက် ဒီလို ပြောတာ ဖြစ်ပါတယ်။

မစ္စတာ စနိုဒန်က သူ့အနေနဲ့ လက်တင် အမေရိကကို မထွက်ခွာနိုင်သေးခင် ရရှားမှာပဲ ခိုလှုံခွင့် ယူထားချင်ကြောင်း၊ ဒါပေမယ့် ရရှားမှာ နေစဉ်အတွင်း အမေရိကန်ရဲ့ အကျိုးစီးပွားကိုတော့ ထိခိုက် ပျက်စီးအောင် လုပ်ဖို့ ရည်ရွယ်ချက် မရှိဘူးလို့လည်း သူက ပြောပါတယ်။

ဒါပေမယ့် ရရှားအစိုးရ ပြောခွင့်ရသူ ဒီမီထရီ ပက်စ်ကော့ဗ်ကတော့ မစ္စတာ စနိုဒန်ဘက်က တရားဝင် ခိုလှုံခွင့် တင်တာ မရှိသေးဘူးလို့ ပြောပါတယ်။

သူ နိုင်ငံရေးခိုလှုံခွင့် တောင်းမယ့် ကိစ္စအပေါ် အမေရိကန်အစိုးရက တရားမဝင် နှောက်ယှက်တားဆီးမှုတွေ လုပ်နေတယ်လို့ မစ္စတာ စနိုဒန်က ပြောကြောင်းလည်း အစောပိုင်းက သတင်းတွေ ထွက်ပေါ်နေပါတယ်။

တချိန်တည်းမှာပဲ ယူကေက ဂါးဒီယန်းသတင်းမှာ ဖော်ပြတာက မစ္စတာ စနိုဒန် ဖောက်ချခဲ့တဲ့ အမေရိကန်လျှို့ဝှက် စာရွက်စာတမ်း အထောက်အထားတွေအရ မိုက်ခရိုဆော့်ဖ် ကုမ္ပဏီဟာ သူ့ရဲ့ အီးမေးလ်နဲ့ စကိုက်ပ် အစီအစဉ်တွေကို အမေရိကန် ထောက်လှမ်းရေး အသုံးပြုနိုင်အောင် ပူးပေါင်း လုပ်ဆောင် ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ