ဖိလစ်ပိုင်အစိုးရနဲ့ သူပုန်အကြား သဘောတူညီမှုရ

Image caption မိုရို အစ္စလာမ်မစ် လွတ်မြောက်ရေး တပ်ဦးနဲ့ သဘောတူညီချက် ရရှိ ခဲ့တာ ဖြစ်ပါတယ်

ဖိလစ်ပိုင် နိုင်ငံ မင်ဒန်နာအို ကျွန်းက သဘာဝ အရင်း အမြစ်တွေကို သူပုန်တွေ နဲ့ မျှဝေ သုံးစွဲရေး အတွက် အစိုးရနဲ့ အဲဒီကျွန်းပေါ်မှာ အခြေစိုက် တဲ့ သူပုန် အဖွဲ့ အကြား သေဘာ တူညီမှု ရရှိသွားပြီ ဖြစ်ပါတယ်။

ဒီအတွက် နောက်ဆုံး ငြိမ်းချမ်းရေး သဘောတူ ညီချက် ရောက်ရှိဖို့ အလား အလာရှိ နေပြီး၊ ဖိလစ်ပိုင်မှာ လူပေါင်း ၁ သိန်း ကျော် သေဆုံး ခဲ့ကာ နှစ်ပေါင်း ဆယ်စုနဲ့ ချီ ကြာပြီ ဖြစ်တဲ့ ပဋိပက္ခ တွေလည်း အဆုံး သတ်တော့မှာ ဖြစ်ပါတယ်။

အခု သဘောတူ ညီချက်ကို မိုရို အစ္စလာမ်မစ် လွတ်မြောက်ရေး တပ်ဦးနဲ့ ရရှိ ခဲ့တာ ဖြစ်ပါတယ်။ ဆွေးနွေး ပွဲတွေ ကိုတော့ မလေးရှားမှာ တပတ် နီးပါး ပြုလုပ်ခဲ့ တာပါ။

ဒီစေ့စပ် ဆွေးနွေး ပွဲမှာ မပါတဲ့ နောက်ထပ် သူပုန် အုပ်စု တခု ကတော့ ဖိလစ်ပိုင် စစ်တပ်ကို ဆက်လက် တိုက်ခိုက် နေဆဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ