အီဂျစ် ဒုတိယ အခွင့်အရေး နဲ့ အမေရိကန် အထူး သံတမန်

Image caption အမေရိကန် အထူး သံတမန် William Burns

စစ်တပ်ကနေ အစ္စလာမ် ဝါဒီ သမ္မတ မိုဟာမက် မော်စီကို ရာထူးက ဖယ်ရှားခဲ့တာဟာ အီဂျစ် နိုင်ငံအတွက် ဒုတိယ အကြိမ် အခွင့်အရေး ရလိုက်တာဘဲလို့ အီဂျစ် ဆိုင်ရာ အမေရိကန် ထိပ်တန်း အထူး သံတမန် William Burns က ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်နှစ် အတွင်းလုပ်ခဲ့တဲ့ အမှားတွေကို ပြန်ပြင်ဖို့ အခုအခါ အခွင့်ကောင်းဘဲ လို့ ကိုင်ရိုမြို့မှာ ကြားဖြတ် အစိုးရ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီးတဲ့နောက် မစ္စတာ ဘားန်စ် က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်တပ် အနေနဲ့လည်း ဆန္ဒပြမှုတွေကို အတက်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ဖို့ မစ္စတာ ဘားန်စ်က ပန်ကြားလိုက်ပါတယ်။

သူ့ရဲ့ ပြောကြားချက် ထွက်ပေါ်လာပြီးတဲ့နောက် ကိုင်ရိုက Raba'a Al Adawiya အပြင်ဖက်မှာ မွတ်ဆလင် ညီနောင်များ အဖွဲ့က ဆန္ဒပြဖို့ ကြိုးစားခဲ့ရာမှာ ဒေသခံတွေနဲ့ ရာထူးက ဖယ်ရှားခံရတဲ့ သမ္မတ မော်စီကို ထောက်ခံသူတွေကြား ရုန်းရင်းဆန်ခတ်မှု ဖြစ်ခဲ့ပါတယ်။

အဲဒီ အဓိကရုန်း အတွင်း လုံခြုံရေး တပ်ဖွဲ့တွေက မျက်ရည်ယို ဗုံး ထပ်မံသုံးစွဲ ခဲ့ကြောင်း သတင်းရရှိပါတယ်။