စီအိုင်အေ အကြီးအကဲဟောင်း အဖမ်းခံရ

စီအိုင်အေကို မသင်္ကာသူတွေကို ညှင်းပန်းနဲ့ စွပ်စွဲခံနေရပါတယ်။
Image caption စီအိုင်အေကို မသင်္ကာသူတွေကို ညှင်းပန်းနဲ့ စွပ်စွဲခံနေရပါတယ်။

စီအိုင်အေ အမေရိကန် ဗဟိုထောက်လှမ်းရေး အဖွဲ့က rendition လို့ခေါ်တဲ့ မသင်္ကာသူတွေကို ဖမ်းဆီး ခေါ်ဆောင်သွားပြီး လျှို့ဝှက် စစ်ဆေးမှုနဲ့ ပတ်သက်လို့ ကမ္ဘာမှာ အဖမ်းခံရတဲ့ အမေရိကန်လူမျိုးထဲမှာ Robert Lady ဟာပထမဆုံးဖြစ်ပါတယ်။

သူဟာ အခုနှစ်စောစောပိုင်းတုန်းက မီလန်မြို့ တရားရုံးကနေ သူ့မျက်ကွယ်မှာ ထောင်ဒဏ်၉နှစ် ချထားတဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေရသူ ဖြစ်ပါတယ်။ အဘူအိုမာဆိုသူ မွတ်စလင် ဘာသာရေး ခေါင်းဆောင် တယောက်ကို မီလန်လမ်းမပေါ်ကနေ ပြန်ပေးဆွဲသွားတဲ့ အမှုနဲ့ပတ်သက်လို့ သူ့ကို အပစ်ပေးတာဖြစ်ပါတယ်။

အိုမာကို အီတလီနဲ့ဂျာမနီတို့မှာ အခြေစိုက်တဲ့ အမေရိကန် စစ်စခန်းတွေကနေ အီဂျစ်ရှိ လုံခြုံရေးတွေ လက်ထဲအပ်ခဲ့ပါတယ်။ အဲဒီမှာ အိုမာကသူ့ကို နှိပ်စက်ညှင်းပမ်း စစ်ဆေးတယ်လို့ စွပ်စွဲခဲ့ပါတယ်။ ပနားမားနိုင်ငံနဲ့ အီတလီတို့ကြားမှာ တရားခံလဲ လှယ်တဲ့ သဘောတူညီ ချက်မရှိတဲ့အတွက် သူ့ကို အီတလီမှာ ထောင်ဒဏ် ကျခံစေမလား ဆိုတာတော့ မသေချာသေးပါဘူး။ စီအိုင်အေက အခုလိုဖမ်းဆီး ခံရတဲ့ သတင်းအတွက် တစုံတရာ မှတ်ချက် မပေးပါဘူး။ ပနားမားရဲကလည်း မစ္စာလေဒီကို ဖမ်းတဲ့သတင်း မရဘူးလို့ ပြောနေကြောင်း ရောမရှိ ဘီဘီစီ သတင်းထောက် ဒေးဗစ်ဝီလီက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ