ပလိပ်ပိုးတွေ့လို့ LA ပန်းခြံပိတ်

plague
Image caption လန်ဒန်မှာ တူးဖော်တွေ့တဲ့ ပလိပ်ရဲ့ သားကောင် အရိုးစုများ

ပလိပ် ရောဂါပိုး ရှိတဲ့ ရှဉ့်တကောင် တွေ့လို့ ကယ်လီဖိုးနီးယား အမျိုးသား တောအုပ် တစိတ် တပိုင်း ဖြစ်တဲ့ လော့စ်အိန်ဂျလိစ် ပန်းခြံ ကို ပိတ် လိုက်ပါတယ်။

လော့စ်အိန်ဂျလိစ် အာဏာပိုင် တွေက ဧည့်သည်တွေ ဒီနေရာကနေ ထွက်ခွာဖို့ ကြိုတင် ကာကွယ်တဲ့ အနေနဲ့ အမိန့်ပေး တားမြစ် ခဲ့တာ ဖြစ်ပါတယ်။

ဒီပလိပ် ရောဂါပိုးဟာ လူကိုတော့ ကူးစက်ခဲ့ပုံ မရဘူးလို့ အာဏာပိုင် တွေက ဆိုပါတယ်။

ပလိပ် ရောဂါကို သေမင်းတမန် ရောဂါဆိုး ကြီးလို့ လူသိများ ခဲ့ပြီး ဥရောပမှာ အလယ်ခေတ်က လူ ၂၅ သန်းလောက် သေဆုံးခဲ့ ပါတယ်။

ပလိပ် ရောဂါဟာ ဘက်တီးယားပိုး ကြောင့် ဖြစ်ပွားပြီး ကြွက်သန်း အကိုက်ခံ ရရာက တဆင့် လူကို ကူးစက် စေတာ ဖြစ်ပါတယ်။

ပဋိဇီဝ ဆေးဝါးတွေနဲ့ အချိန်မီ မကုသရင် အသက် သေဆုံးနိုင်တဲ့ ရောဂါ ဖြစ်ပါတယ်။

၁၉၈၄ နောက်ပိုင်း လော့စ်အိန်ဂျလိစ်မှာ ပလိပ်ရောဂါ ကူးစက်သူ ၄ ယောက် တွေ့ခဲ့ပေမယ့် အားလုံးဟာ သေလောက်အောင် ဆိုးဝါး ပြင်းထန်တဲ့ အခြေအနေ မဟုတ်ဘူးလို့ တာ၀န်ရှိ သူတွေက ဆိုပါတယ်။

ပန်းခြံကို ပြန်မဖွင့် ခင်မှာ အနီး ပတ်ဝန်းကျင်က ရှဉ့်တွေကို ဖမ်းဆီး စစ်ဆေးမှုတွေ လုပ်မယ်လို့ ဆိုပါတယ်။