အီရတ်မှာ ဗုံးခွဲမှုတွေကြောင့် လူ ၅၀ ကျော် သေဆုံး

Image caption ရှီယာ မွတ်ဆလင်တွေ နေတဲ့ ဘက်မှာ ဖြစ်ပွား ခဲ့ပြီး၊ စနစ် တကျ စီစဉ် တိုက်ခိုက် ခဲ့တာလို့ ရဲတပ်ဖွဲ့က ပြော

အီရတ်နိုင်ငံ ဘဂ္ဂဒက် မြို့တော်မှာ လူပေါင်း ၅၁ ဦး ထက်မနည်း သေဆုံးခဲ့ရတဲ့ ကားဗုံးခွဲ တိုက်ခိုက် မှုတွေကို အဲလ်ခိုင်းဒါး အကြမ်းဖက် အဖွဲ့က လုပ်ဆောင် တာလို့ အီရတ် ပြည်ထဲရေး ဝန်ကြီး ဌာနက စွပ်စွဲ ပြောကြားလိုက် ပါတယ်။

တိုက်ခိုက်မှုတွေကြောင့် တခြားလူ အတော် များများ လည်း ဒဏ်ရာ ရရှိသွား ပါတယ်။

တိုက်ခိုက်မှု တွေဟာ အဓိက အားဖြင့် ရှီယာ မွတ်ဆလင်တွေ နေတဲ့ ဘက်တွေမှာ ဖြစ်ပွား ခဲ့တာ ဖြစ်ပြီး၊ စနစ် တကျ စီစဉ် တိုက်ခိုက် ခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါ တယ်။

မနက်ပိုင်း အလုပ်များချိန် လူစည်ကားတဲ့ စျေးတွေ လမ်းတွေ ဘက်ကို ပစ်မှတ်ထား တိုက်ခိုက် ခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဧပြီလ ကတည်းက စလို့ အလားတူ တိုက်ခိုက် မှုတွေ ဆက်တိုက် ဆိုသလို တိုးပွားလာ ခဲ့တာ ကြောင့် လူပေါင်း ၃ ထောင် ကျော် သေဆုံး ခဲ့ရပြီ ဖြစ်ပါတယ်။

ဒီအတွက် အီရတ် နိုင်ငံဟာ ဂိုဏ်းဂဏကွဲ တင်းမာ မှုတွေ ဖြစ်နေတဲ့ အခြေ အနေကို ပြန်ရောက်သွား ပြီလား ဆိုတဲ့ စိုးရိမ် မှုတွေ တိုးပွား လာနေ ပါတယ်။

လွန်ခဲ့တဲ့ ၇ နှစ် ကတော့ အခုလို ဖြစ်ရပ် တွေကြောင့် အီရတ်ကို ပြည်တွင်းစစ် ချောက် ကမ်းပါးထဲ တွန်းပို့ သလို ဖြစ်စေခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ