ဆွစ်ဇာလန်မှာ ရထားနှစ်စင်း တိုက်မိ လူ၃၅ယောက် ဒဏ်ရာရ

Image caption အပျက်အစီး ထိခိုက်မှုတွေကို တွေ့ရပုံ

ဆွစ်ဇာလန် နိုင်ငံ အနောက်ပိုင်းမှာ ရထားနှစ်စင်း ခေါင်းချင်းဆိုင် တိုက်မိပြီး အနည်းဆုံး လူ၃၅ယောက် ဒဏ်ရာရ သွားပါတယ်။

အပြင်းအထန်ဆုံး ဒဏ်ရာတွေ ရခဲ့သူ ငါးယောက်ကို တောင်ပိုင်းက Payerne နဲ့ Lausanne မြို့တွေက ဆေးရုံတွေဆီ ပို့ခဲ့တယ်လို့ ရဲက ပြောပါတယ်။

အပျက်အစီး တွေကြား ပိတ်မိနေတဲ့ လူတယောက်ကို ကယ်ဆယ်ရေး သမားတွေက ကြိုးစား ထုတ်ယူနေပြီး ဒီလူဟာ ရထားမောင်း သမားလို့ ယူဆရပါတယ်။

ဒီရထားတိုက်မှုနဲ့ ပတ်သက်လို့ ဘာကြောင့် ဖြစ်ရတယ် ဆိုတာကို ကွဲကွဲပြားပြား မသိရသေးပါဘူး။